ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရားမဝင် လိုင်စင်မဲ့လက်နက်/ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များ၊ မော်တော်ယာဉ်များ လက်ဝယ်ထားရှိခြင်းမပြုဘဲ သက်ဆိုင်ရာသို့ အပ်နှံကြရန်နှင့် တွေ့ရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ အသိပေးကြေညာချက်ထုတ်ပြန်သည်။
ရန်ကုန်။ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်မှ စတင်ကာ အချိန်၃နာရီကျော်ကြာ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး သေဆုံးသူနှင့် ထိခိုက် ဒဏ်ရာရရှိသူအချို့ ရှိကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပဲလေ့ဟိုတယ်သည် ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တပ်မတော်လေမှ ပျောက်ဆုံးနေသောလေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အားပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၆,၇၅၀ သိန်း တန်ဖိုးရှိ ဟိုက်ဒြိုကလိုရစ် အက်ဆစ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်း ကျေးရွာ အုပ်စု၊ အေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး အလျား ၂၀၀ ပေ၊ အနံ ၁၅၀ ပေခန့်ထပ်မံပြိုကျခဲ့မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ACEဟိုတယ် သို့ နေပြည်တော်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ဇော်ခင်အောင် ဦးစီးအဖွဲ့သည် လုံခြုံရေးတာဝန်ခံ ဦးအောင်နိုင် အား သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ လက်နက်များ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း လယ်ဝေးမြို့နယ် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်နက်/ခဲယမ်းနှင့် စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိမှု မှ သတင်းဆက်...
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) မောင်တောမြို့တွင် ငွေကျပ် ၉,၇၅၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီဖွဲ့စည်းခြင်း နှင့် ကော်မတီ ၏လုပ်ငန်းတာဝန်များအား နိုင်ငံတော်သမ္မတ က အမိန့်ကြော်ငြာစာဖြင့် အောက်တိုဘာလ ၁၇ ရက်က ထုတ်ပြန်လိုက်သည်။