ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေသန့် လုပ်ငန်း ပေါင်း ၃ဝဝ ကျော်ရှိအား FDA ၏ စံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိနေသေးသည့် လေယာဉ်အစိတ်အပိုင်း များအားရှာဖွေရာတွင် လေယာဉ်၏ Fuel Control Unit တစ်ခုအပါအဝင် လေယာဉ်ကိုယ်ထည်အစိတ်အပိုင်းများအား ထပ်မံရှာဖွေ ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက် ၃ ခုမှ လူဦးရေ ၃၃၁ ဦး ရေဘေးလွတ်ရာသို့ကူညီပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) မောင်တောမြို့နယ် နတ်မြစ်အတွင်း လှည့်ကင်း ဆောင်ရွက်စဉ် ဖမ်းဆီးရမိသော လှေအား စစ်ဆေးရာ ပလပ်စတစ် အိတ်အတွင်းမှ ငွေကျပ် ၉၅၀ သိန်း တန်ဖိုးရှိ WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၄၇၅၀၀ ပြား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီထံမှ...
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) နမ့်ခမ်းမြို့နယ်၊အမှတ်(၂)နောင်စန့်ကုန်းရပ်ကွက်၌လုပ်သေနတ်များပြုလုပ်ရောင်းချနေသူအားဖမ်းဆီးရမိခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ဇူလိုင် ၂၁ ရက်မှ သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ လတ်တလောပြင်း ထန် အသက်ရှူလမ်း ကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ စုစုပေါင်း လူနာ ၅၃၅ ဦးအနက် H1N1...
နေပြည်တော်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် တရုတ် – မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးက ဆောက်လုပ် လှူဒါန်းသည့် ကျောင်းသူများ အိပ်ဆောင်အသစ်အား လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ အဆိုပါ တက္ကသိုလ်တွင်...
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ဧရာဝတီ မြစ် နှင့် ချင်းတွင်းမြစ်ရေ တို့ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်သည့် အတွက် ရွှေကူမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ဆွေးနွေးချက် ရလဒ်များအား နှစ်ဘက်ခေါင်းဆောင်များထံ တင်ပြမည်ဖြစ်ကြောင်း ဆဋ္ဌမအကြိမ်အစည်းအဝေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။