Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းအား နိုင်ငံတော်သမ္မတ အမိန့်ကြော်ငြာစာထုတ်ပြန်

နိုင်ငံတော်သမ္မတ အမိန့်ကြော်ငြာစာအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီဖွဲ့စည်းခြင်း နှင့် ကော်မတီ ၏လုပ်ငန်းတာဝန်များအား နိုင်ငံတော်သမ္မတ က အမိန့်ကြော်ငြာစာဖြင့် အောက်တိုဘာလ ၁၇ ရက်က ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ တွင် ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လူမှုဝန်ထမ်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ညှိနှိုင်းရေးမှူးချုပ်အဖြစ် ဒေါက်တာအောင်ထွန်းသက်၊ သတင်းနှင့်ဆက်သွယ်ရေးဒါရိုက်တာအဖြစ် ဦးကျော်မြိုင်တို့မှ ဆောင်ရွက်မည်ဖြစ်သည်။

UEHRD ကော်မတီ ၏ လုပ်ငန်းတာဝန်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက်ပေးအပ်ရေးဆောင်ရွက်ရန်၊ ပြန်လည်နေရာချထားရေး နှင့် ပြန်လည်ထူထောင်ရေးကိစ္စများ အတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေး နှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးဆောင်ရွက်ရန်၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ပံ့ပိုးမှုအပြင် ပြည်တွင်း၊ ပြည်ပအလှူရှင်များ ၏ ကူညီထောက်ပံ့ငွေများဖြင့် ဆောင်ရွက်မည်ဖြစ်သဖြင့် ကော်မတီ၏ ဘဏ္ဍာရေးကိစ္စကိုပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး ၏ စစ်ဆေးမှုအပြင် နိုင်ငံတကာစာရင်းစစ်ကုမ္ပဏီတစ်ခုကိုလည်း ငှားရမ်း၍ အစစ်ဆေးခံနိုင်ရေး ဆောင်ရွက်ရန် ၊ ဥက္ကဋ္ဌအနေဖြင့် အတိုင်ပင်ခံအဖွဲ့ကို လိုအပ်သလိုဖွဲ့စည်းဆောင်ရွက်ရန်၊ လိုအပ်သည့်ကော်မတီရုံးအဖွဲ့ဖွဲ့စည်းရန် နှင့် အုပ်ချုပ်မှုကိစ္စရပ်များကို ညှိနှိုင်းရေးမှူးချုပ်က ဥက္ကဋ္ဌထံတင်ပြဆောင်ရွက်ရန်၊ ကော်မတီ ၏ အုပ်ချုပ်မှုကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံး နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန တို့ ပူးပေါင်းဆောင်ရွက်ရန်ဟူ၍ အမိန့်ကြော်ငြာစာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.