Connect with us

Politics, Law & Military

ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် သိန်း ၆၀၀၀ ကျော် တန်ဖိုးရှိ ဟိုက်ဒြိုကလိုရစ် အက်ဆစ်များ ဖမ်းဆီးရမိ

ဟိုက်ဒြိုကလိုရစ်သယ်ဆောင်သည့်ကားအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၆,၇၅၀ သိန်း တန်ဖိုးရှိ ဟိုက်ဒြိုကလိုရစ် အက်ဆစ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၆ ရက်နေ့ ၀၁း၀၀နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ၁၆မိုင် ကျောက်ချောစစ်ဆေးရေး စခန်း မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်း၌ ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် မသင်္ကာဖွယ်ရာ ပေပါပုံးများတွေ့ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ အကောက်ခွန်ဦးစီးဌာနမှ အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးရာ ပလပ်စတစ်ပေပါ တစ်လုံးလျှင် ဟိုက်ဒြိုကလိုရစ် အက်ဆစ် ၂၀၀ လီတာပါ ပေပါ ၄၅ လုံး၊ (ဟိုက်ဒြိုကလိုရစ် အက်ဆစ် စုစုပေါင်းအလေးချိန် ၉၀၀၀ လီတာ)၊မော်တော်ယာဉ်၏ ဒက်ရှ်ဘုတ်အတွင်းမှ ကျော်တင် အမည်ပါ စပယ်ယာလိုင်စင် နှင့် မြန်မာ-တရုတ်နယ်စပ်သွားလာခွင့် စာအုပ်တစ်အုပ်၊ မော်တော်ယာဉ် မှတ်ပုံတင်သက်သေခံ လက်မှတ်တစ်ခု ၊ ရန်ကုန်-မန္တလေးလမ်းကြောင်းတစ်လျှောက် လမ်းအသုံးပြုခ ပေးဆောင်ခဲ့သည့် လက်ခံဖြတ်ပိုင်း ၈ ခုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ကျော်တင်(ဖမ်းမမိသေး)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.