Connect with us

Environment, Disasters & Accidents

တပ်မတော်လေမှ ပျောက်ဆုံးနေသောလေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အားပြန်လည်တွေ့ရှိ

လေယာဉ်ပြန်လည်တွေ့ရှိသည့်နေရာပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တပ်မတော်လေမှ ပျောက်ဆုံးနေသောလေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အားပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှယနေ့ သတင်းထုတ်ပြန်သည်။

တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်တစ်စီးသည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးသွားခဲ့သည်။

အဆိုပါဂျက်လေယာဉ်အား ရှာဖွေတွေ့ရှိစေရေးအတွက် အဆက်အသွယ်ပြတ် တောက်ခဲ့သည့် ယင်းနေ့နံနက်ပိုင်းမှစတင်၍ လေယာဉ်ပျံသန်းရာလမ်းကြောင်းတစ်လျှောက်တွင် မြေပြင်တပ်များနှင့် တပ်မတော်(လေ)မှ လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မြေပြင်တပ်များက ယနေ့ ညနေ ၃ နာရီခန့်တွင် G-4 ဂျက်လေယာဉ်၏ လေယာဉ်ဦးခေါင်းအစိတ်အပိုင်း၊ ဘီး ၁ လုံး၊ တောင်ပံအပိုင်း ၂ ခု၊ ထိုင်ခုံ၊ လေထီး၊ စက်ပစ္စည်းအပိုင်းအစများနှင့် PT2 တံဆိပ်ပါ ဘူး ၁ ဘူးတို့အား ဂွမြို့၏ တောက်ဘက် ၁၂ မိုင်ခန့််အကွာ၊ လေယာဉ်ဆက်သွယ်မှု ပြတ်တောက်ခဲ့သည့် နေရာ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ၌ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းဂျက်လေယာဉ်ကိုမောင်းနှင်ခဲ့သည့် လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်၊ တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီး သော်ဇင်စိုးနှင့် ကျန်ရှိလေယာဉ်အစိတ်အပိုင်းတု့ိအား ဆက်လက် ရှာဖွေလျက်ရှိကြောင်းနှင့် ပျက်ကျသွားသည့် အကြောင်းရင်းအား ဖော်ထုတ်သိရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.