Connect with us

Environment, Disasters & Accidents

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သုံးနာရီကျော်ကြာမီးလောင်ကျွမ်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရှိသူရှိ

ရန်ကုန်။ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်မှ စတင်ကာ အချိန်၃နာရီကျော်ကြာ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး သေဆုံးသူနှင့် ထိခိုက် ဒဏ်ရာရရှိသူအချို့ ရှိကြောင်း မီးလောင်မှုတွင် ငြိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းနေသည့် ဟိုတယ်အတွင်းမှ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိထားကြောင်း။ အသေးစိတ်ကို ဆက်လက်ရှာဖွေစစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။

မီးလောင်နေစဉ် သုံးထပ်မှ ခုန်ချရာ ခါးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ နိုင်ငံခြားသားဧည့်သည် အမျိုးသမီးတစ်ဦးနှင့် မီးသတ်တပ်ဖွဲ့တစ်ဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း။ အခြားဧည့်သည်များသည် အနည်းငယ် ဒဏ်ရာများသာ ရရှိကြောင်း ၎င်းကပြောသည်။

အဆိုပါ ဟိုတယ်မီးလောင်မှုသည် မီးအားအပြင်းဆုံးမီးလောင်မှုဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် သုံးရာကျော် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်မှ ကူညီမီးငြိမ်းသတ် ကယ်ဆယ်ရေးများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ကန်တော်ကြီးပဲလေ့ဟိုတယ်တွင် တည်းခိုနေသူ ၉၀ခန့်ရှိပြီး အဆိုပါ နိုင်ငံခြားသားဧည့်သည်များကို ချက်ထရီယမ်ဟိုတယ်သို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

ယင်းမီးလောင်မှုနှင့် ပတ်သက်ပြီး ကနဦးသတင်းအရ ဟိုတယ်၏ ငါးထပ်မှမီးစတင်လောင်ကျွမ်းကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.