ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ လုပ်ငန်း မြှင့်တင်ခြင်း အတွက် အမေရိကန်ဒေါ်လာ သုံးသိန်းခန့် အသုံးပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ၂ဝ၁၇ ရွှေခါးပတ် ချန်ပီယံလုပွဲတွင် နိုင်ငံတကာတွဲဆိုင်းအဖြစ် မြန်မာ့လက်ဝှေ့ကျော်ဖျံသွေးနှင့် မွေထိုင်းလက်ဝှေ့ ကျော် ထိုင်းနိုင်ငံသား အီကျူစံတို့ပါဝင်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သော ပုဂံမြို့ရှိ ဘုရားများပေါ်တွင် စီးပွားဖြစ်ဓာတ်ပုံရိုက်သူများသည် ရှေးဟောင်းယဉ်ကျေးမှုဌာနထံ ခွင့်ပြုမိန့်တင်ပြီး တစ်ရက်လျှင် ကျပ် တစ်သိန်းပေးဆောင်ရမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာနမှ ညွှန်မှူးဦးအောင်ကျော်ကျော်က ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ဇူလိုင်လအတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် အသက် ၁၅ နှစ်အောက် ရွက်လှေပြိုင်ပွဲတွင် မြန်မာ့ရွက်လှေအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံမှ ပရဆေးများကို ပြည်ပပို့ကုန်အဖြစ် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၉၅ သန်း တင်ပို့နိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး တွင် သစ်တောဖုံးလွှမ်းမှု တိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် သစ်တောများ တိုးတက်လာစေရန် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို ယခုဘဏ္ဍာနှစ် သစ်တောရာသီချိန်အလိုက် လုပ်ဆောင်လျက်ရှိကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် ပထမခြောက်လတာ ကာလအတွင်း မောင်တောခရိုင်၌ မူးယစ်ဆေး ဝါးအမှုပေါင်း ၁၃ မှုနှင့် စိတ်ကြွဆေးပြား အရေအတွက် ၅၂ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၄၆)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ မှ ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ အထိ အပြစ်မဲ့ပြည်သူ ၃၈ ဦးအသတ်ခံရပြီး ၂၂ဦးဖမ်းဆီး/ပျောက်ဆုံး ခံရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) မြန်မာ-ဂျာမနီနှစ်နိုင်ငံ စစ်ရေးနှင့်မသက်ဆိုင်သော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာဂျာမနီနိုင်ငံ သံအမတ်ကြီးတို့ ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ပျက်ကျ Y-8 လေယာဉ်၏ လေယာဉ်ကိုယ်ထည် အလူမီနီယံအစိတ်အပိုင်းများအား ဇွန် ၂၇ ရက်နေ့ ညနေပိုင်းတွင် ထပ်မံဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။