Connect with us

Education & Health

တရုတ် – မြန်မာ နယ်စပ်ဒေသ ငှက်ဖျားရောဂါ ပပျောက်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်သန့် က media များအားတွေ့ဆုံဖြေကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ် – မြန်မာ နယ်စပ်ဒေသရှိ ပြည်သူများ ငှက်ဖျားရောဂါ လုံး၀ ကင်းစင် ပပျောက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားမည် ဟု နေပြည်တော် Hilton Hotel တွင် စက်တင်ဘာ ၆ ရက်၌ ပြုလုပ်ခဲ့သည့် တရုတ် – မြန်မာ နယ်စပ် ငှက်ဖျားရောဂါတိုက်ဖျက်ရေး အစည်းအဝေး ပထမနေ့ ဖွင့်ပွဲ တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်သန့်က ပြောခဲ့သည်။

“နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မိတ်ဆွေရင်းချာနိုင်ငံများ ဖြစ်တဲ့ အားလျော်စွာ ငှက်ဖျားရောဂါ ထိန်းချုပ်ရေးနဲ့ ပပျောက်ရေးမှာ ရင်းနှီးချစ်ခင်စွာ ပူးပေါင်း ဆောင်ရွက်သွားပါမယ်၊ တရုတ် – မြန်မာ နယ်စပ်ဒေသ၊ အထူးသဖြင့် မိုင်းလားဒေသ၊ ၀ ဒေသတို့ရှိ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်း တွေကပါ ပါဝင် လက်တွဲပြီး ဆောင်ရွက်သွားကြပါမယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ငှက်ဖျားရောဂါကြောင့် သေဆုံးနှုန်းကို ကို ၆၅ – ၇၀ ရာခိုင်နှုန်းလောက်ထိ လျှော့ချနိုင်ခဲ့ သော် လည်း မဟာမဲခေါင် ဒေသခွဲအတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးနှုန်း များသည့် နိုင်ငံများတွင် ပါဝင်နေဆဲဖြစ်၍ ထပ်မံလျှော့ချဖို့ လိုနေပါကြောင်း၊ မြန်မာနိုင်ငံ အရှေ့ဘက် ခြမ်း ရှိ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့နှင့် ထိစပ်နေသော နယ်စပ်ဒေသများတွင် ငှက်ဖျားဆေး ယဉ်ပါးမှု အန္တရာယ်ကို ရင်ဆိုင်နေရခြင်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း၊ ထို့ကြောင့် နယ်စပ် ဒေသနေ ပြည်သူ များအတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှသာ ပပျောက် ကင်းစင်နိုင်မည်ဖြစ် ကြောင်းလည်း ၎င်းက မီဒီယာကို ရှင်းပြခဲ့သည်။

WHO မှ သိပ္ပံပညာရှင် Dr. Badri Thapa အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

China NHFPC မှ Dr. Yan Jun media များအားတွေ့ဆုံဖြေကြားစဉ်(ဆင်ဟွာ)

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာလွင် အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

အစည်းအဝေးသို့ တက်ရောက်လာသူများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းမာရေးနှင့် မိသားစု စီမံကိန်း ကော်မရှင် ၊ ယူနန်ပြည်နယ် ကပ်ပါးပိုး ကာကွယ် ထိန်းချုပ်ရေးဌာနနှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်း ကျင်းပသည့် အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာသည့် တရုတ်နိုင်ငံသံရုံး စီးပွားရေး သံမှူး မစ္စတာ Xie Guoxiang က “ ငှက်ဖျားတိုက်ဖျက်ရေးဟာ အင်မတန် အရေးကြီးတဲ့ လုပ်ငန်း တစ်ခု ဖြစ်ပြီး အဓိပ္ပါယ်လည်း ကြီးမားပါတယ်၊ မြန်မာနိုင်ငံအတွက်သာမက တရုတ်နိုင်ငံအတွက်ပါ အကျိုးရှိ ပါတယ်၊ အထူးသဖြင့် နယ်စပ်ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် အကျိုးကြီးစေတဲ့ ကိစ္စလည်း ဖြစ်ပါတယ်၊ ဒီလုပ်ငန်းကို ကျွန်တော်တို့ အလေးထား ဆောင်ရွက်သွားပါမယ်၊ ဒီလုပ်ငန်း ကို နှစ်နိုင်ငံက ပူးပေါင်းပြီး အောင်မြင်မှု များပြားနိုင်မယ့် စီမံကိန်းရေးဆွဲပြီးတော့ သုံးနှစ်ကနေ ငါးနှစ် အတွင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဆွေးနွေးပွဲ အစနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရအနေဖြင့် ငှက်ဖျား ရောဂါကို ၂၀၂၀ ခုနှစ်မတိုင်မီ ပပျောက်အောင် ဆောင်ရွက် မည် ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ၂၀၃၀ အတိုင်မီ ပပျောက်အောင် ဆောင်ရွက်သွားမည် ဖြစ်၍ နှစ်ဘက် ရည်မှန်းချက်ချင်း တူနေသောကြောင့် ရည်မှန်းချက်များ အောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း ၎င်းက ပြောခဲ့သည်။

အစည်းအဝေးတွင် နှစ်ဘက်စလုံးက သဘောတူကြသည့် ပြည့်စုံကောင်းမွန်သော Work Plan ပေါ်ထွက်လာရေး ဆွေးနွေးမှုများကို စက်တင်ဘာ ၇ ရက်နေ့ ညပိုင်းအထိ ဆက်လက် ဆောင်ရွက်ခဲ့ကြပြီး အားလုံး သဘောတူသည့် မူဘောင်သဘော Working Plan တစ်ခု ရရှိခဲ့ကြသည်။ အဆိုပါ မူဘောင် သဘော တူညီချက်မှာ အချုပ်အားဖြင့်—

(၁) တရုတ် – မြန်မာ နယ်စပ်တွင် ငှက်ဖျားရောဂါ ပပျောက်ရေး မဟာဗျူဟာမြောက် အစီအစဉ်၌ နှစ်နိုင်ငံလုံးက ပူးပေါင်းဆောင်ရွက်ကြရန်၊ (၂ ) နယ်စပ်ဒေသ ငှက်ဖျား ပပျောက်ရေး အစီအစဉ်အရ ၂၀၁၈ – ၂၀၁၉ အတွက် အကောင်အထည်ဖော်ရမည့် စီမံကိန်း မူကြမ်းအား နှစ်ဘက်စလုံးက ပူးပေါင်း ရေးဆွဲခြင်းကို ဦးစွာ ဆောင်ရွက်ကြရန် မူအားဖြင့် သဘောတူကြခြင်း ဖြစ်သည်၊

ဆက်လက်ပြီး အဆင့်ဆင့် ဆောင် ရွက်သွားမည့် လုပ်ငန်းများမှာ—

(၁) တရုတ် – မြန်မာ နယ်စပ်တွင် ငှက်ဖျားရောဂါ ပပျောက်ရေး ၂၀၁၈ – ၂၀၃၀ မဟာဗျူဟာမြောက် အစီအစဉ်၊၂၀၁၈ – ၂၀၁၉ အကောင်အထည်ဖော်မှု ကုန်ကျစရိတ်များ လျာထားရန်နှင့် ထိုကုန်ကျ စရိတ်ကို တရုတ်နိုင်ငံက ကျခံမည်ဖြစ်ပြီး ၂၀၁၇ အောက်တိုဘာလကုန်တွင် အဆိုပါ ကျခံမည့် Project Proposal တို့ကို အပြီးသတ် ညှိနှိုင်းကြရန်၊ (၂) ထို အချက် သုံးချက်စလုံးကို ၂၀၁၇ နိုဝင် ဘာ လကုန် တွင် နှစ်နိုင်ငံ အစိုးရက အတည်ပြုပေးရန်၊ (၃) လုပ်ငန်း ရန်ပုံငွေအတွက် တရုတ် သံရုံးက ၂၀၁၇ ဒီဇင်ဘာ လကုန်တွင် တာဝန်ယူပေးရန်၊ (၄) အုပ်ချုပ်မှု ကော်မတီတစ်ရပ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အုပ်စုများ ဖွဲ့စည်းခြင်းကို ၂၀၁၇ နိုဝင်ဘာလကုန်တွင် အပြီးသတ် ဆောင်ရွက်ကြရန်၊ (၅) တရုတ် – မြန်မာ နယ်စပ် ငှက်များ ရောဂါ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး စတုတ္ထအကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၈ ဧပြီ ၂၅ – ၂၆ ရက်တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့၌ ကျင်းပ ပြုလုပ်ရန် – တို့ဖြစ်ကြသည်။

အဆိုပါ အစည်းအဝေးသို့ နှစ်နိုင်ငံနယ်စပ်ရှိ တိုင်းရင်းသား မျိုးနွယ်စု အချို့၏ ကျန်းမာရေး အဖွဲ့များ၊ ပြည်တွင်း ပြည်ပ NGO များ နှင့် အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာလွင်၊ WHO မှ သိပ္ပံပညာရှင် Dr. Badri Thapa, China NHFPC မှ Dr. Yan Jun တို့လည်း တက်ရောက်ခဲ့ကြပြီး အမှာစကားများ ပြောကြားခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.