ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ကော့သောင်းမြို့မှ စစ်တွေမြို့သို့ ဘိလပ်မြေအိတ်များ တင်ဆောင်၍ထွက်ခွာလာသော ကုန်တင်ရေယာဉ် (MV-ပြည့်ဟိန်း)သည် ရာသီဥတုဆိုးရွားမှုကြောင့် တိမ်းစောင်းနစ်မြုပ်ရန်ဖြစ်ပေါ်ခဲ့ရာ ၎င်းရေယာဉ်ကို တပ်မတော်(ရေ)က ကယ်ဆယ်ရေးပြုလုပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပထမ ဗဟိုကော်မတီ သတ္တမအကြိမ် ပုံမှန်အစည်းအဝေးအား နှစ်ရက်ကြာ ကျင်းပခဲ့ပြီးနောက် ဆုံးဖြတ်ချက် ၇ ရပ်အား ယနေ့ဇွန် ၂၅ ရက်တွင် ချမှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) မြန်မာလက်ရွေးစင်အသင်းသည် အာဆီယံထိပ်သီး ထိုင်းလက်ရွေးစင်အသင်းနှင့် မန္တလေးမြို့၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းခြေစမ်းပွဲကို အောက်တိုဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ချန်ဒူ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်ပြည်နယ် အနောက်တောင်ဘက်တွင် ယနေ့ (ဇွန်လ ၂၄ ရက်) နံနက်ပိုင်းတွင် မြေပြိုမှု ဖြစ်ပွားပြီး ငါးနာရီအကြာတွင် မိသားစု တစ်စုမှ အသက်ရှင်သူ သုံးဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် တူရကီ နိုင်ငံတို့မှ လေကြောင်းလိုင်းများသည် နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ်များကို တစ်ပတ်လျှင် ၁၄ ကြိမ် ပျံသန်းနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ Turkish Airlines (တူရကီလေကြောင်းလိုင်း) တွင် လေယာဉ်အစင်း ၃၄ဝ ကျော်ရှိပြီး...
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တပ်မတော်အတွင်းအရွယ်မရောက်သေးသူကလေးသူငယ်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ်စိစစ်နုတ်ထွက်ခွင့်ပြုလျက်ရှိရာ ၆၇ ဦးစိစစ်တွေ့ရှိခဲ့ပြီး စိစစ် ဖော်ထုတ်ရရှိသော အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ၎င်းတို့၏မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ် ပွဲကို ရန်ကုန်မြို့၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ကျင်းပခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) မြန်မာ့ ရွှေထည်နှင့် ရွှေထည်လက်ဝတ်ရတနာ အရောင်းအဝယ်ကဏ္ဍ တွင် အာမခံစနစ်၊ ဘဏ်စနစ်များ အသုံးပြုနိုင်မှုမရှိခြင်းကြောင့် ယုံကြည်မှုဖြင့်သာလည်ပတ်နေပြီး၊ ထုတ်လုပ်ရောင်းဝယ်မှု ကိန်းဂဏန်း မရရှိခြင်းကြောင့် မူဝါဒချမှတ်ရာတွင် ခက်ခဲနေကြောင်း ထို့ကြောင့် ရွှေဗဟိုဈေးကွက် တည်ထောင်နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ...
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထောက်ခံ ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနကကြီးမှူး၍ ငြိမ်းချမ်းရေးဂီတပွဲတော်ကို တောင်ကြီးမြို့၊ မြစ်ကြီးနားမြို့၊ မော်လမြိုင်မြို့၊ လားရှိုးမြို့၊ ပုသိမ်မြို့၊ ကလေးမြို့၊ ရန်ကုန်မြို့၊ စစ်တွေမြို့၊ နေပြည်တော် နှင့် မန္တလေးမြို့တို့တွင် ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ပထမ...
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်၊ သထုံ-ဘားအံ ကားလမ်းပေါ်တွင် ယနေ့ နံနက် တွင် GI Group ရန်ကုန်-မြဝတီ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး လမ်းချော်တိမ်းမှောက်ပြီး ခရီးသည်အချို့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) နောက်မှ ကျော်တက်သော ယာဉ်ကို ကျော်တက်နိုင်ကြောင်း မီးအချက်ပြမှု မှန်ကန်စွာအသုံးပြုနိုင်ရေး ယာဉ်မောင်းအားလုံးသို့ အသိပေးနှိုးဆော်ချက်ကို အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီမှ ထုတ်ပြန်သည်။