Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ညောင်ဦးမြို့နယ်၌ ကျောင်း၉ကျောင်း ယာယီပိတ်

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်ပြီး ကျောင်းများအတွင်း ရေ၀င်နေစဉ်. (ဓာတ်ပုံ- MOI)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၉)ကျောင်းခန့် ယာယီပိ.တ်ထားနေ ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဧရာဝတီမြစ်ရေသည် ဩဂုတ် ၂၃ ရက်၊ ဩဂုတ် လ ၂၃ရက်နေ့ ၁၂ နာရီ ၃၀ မိနစ် အချိန် တိုင်းထွာချက်အရ ညောင်ဦးမြို့၏ စိုးရိမ်ရေအမှတ် (၂၁၂၀) စင်တီမီတာအထက် ၂ ပေခွဲအခန့်အထိ မြှင့်တက်လျက် ရှိပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့် ဆက်လက် မြင့်တက်နိုင်ဖွယ် ရှိကြောင်း ညောင်ဦးမြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံး၏ သတင်းထုတ် ပြန်ချက်များအရသိရသည်။

အဆိုပါ မြစ်ရေမြင့်တက်ခဲ့မှုကြောင့် ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ(၂)ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း(၇)ကျောင်း၊ စုစုပေါင်းအခြေခံပညာကျောင်း(၉)ကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.