Connect with us

Education & Health

H1N1 ရောဂါကြောင့် သေဆုံးသူ ၃၃ဦးရှိပြီး ဧရာဝတီတိုင်းဒေသကြီး၌ သေဆုံးသူအများဆုံးဖြစ်

နှာခေါင်းစည်းဖြင့် သွားလာနေသူတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ပြင်းထန် အသက်ရှုလမ်းကြောင်းပိုးဝင် ရောဂါကြောင့် သေဆုံးသူ ၃၃ဦးးရှိပြီး ဧရာဝတီတိုင်းဒေသကြီး၌ သေဆုံးသူအများဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သြဂုတ် ၂၃ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရောဂါ လက္ခဏာဖြင့် ပြသသူ ၈၄၈ ဦး၊ Influenza A(H1N1)pdm09 ဗိုင်းရပ်စ်ဖြစ်ကြောင်း ဓာတ်ခွဲ အတည်ပြု ဖြစ်ပွားသူ ၃၇၁ ဦးရှိပြီး သေဆုံးသူ ၃၃ ဦးထိရှိလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။တိုင်းဒေသကြီး/ပြည်နယ်အလိုက်တွင် ရာသီ တုပ်ကွေးရောဂါကြောင့် သေဆုံးသူ အများဆုံးမှာ ဧရာဝတီတိုင်းဒေသကြီးတွင် သေဆုံးသူ ၁၂ဦး။ ဒုတိယ အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးသူ ၈ဦးနှင့် တတိယအများဆုံး မှာ ပဲခူးတိုင်းဒေသကြီး၌ သေဆုံးသူ ၅ဦးဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် ဖြစ်ပွားမှု၊ သံသယလူနာ တွေ့ရှိမှု၊ သေဆုံးမှု လုံးဝမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ H1N1ပိုးသည် အတူနေထိုင်သူ များ အကြားတွင် ရောဂါပိုးကူးစက်နိုင် သည်ကို တွေ့ရှိရသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော နှိုးဆော်ချက်များအတိုင်း အထူးအလေးဂရုပြုလိုက်နာကြပါရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.