Connect with us

Politics, Law & Military

အကြမ်းဖက်သမားများနှင့် ပတ်သက်သော မသင်္ကာသူ ၁၂ ဦးအား ဖမ်းဆီးစစ်ဆေး

မောင်တောမြို့တွင်း ဖမ်းဆီးရမိသော မသင်္ကာသူ ၁၂ ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်း လှည့်ကင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သမားများနှင့် ပတ်သက်ကြောင်း မသင်္ကာသူ ၁၂ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။

မောင်တောမြို့နယ် နယ်မြေ(၇) နိုရူလ္လာကျေးရွာအတွင်း ဘီဒီပြေးများ ဝင်ရောက်မှုမရှိစေရေး၊ အကြမ်းဖက် သမားများနှင့် တရားခံပြေးများ ဝင်ရောက်ခိုအောင်းမှု မရှိစေရေး လှည့်ကင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သမားများနှင့်ပတ်သက်ကြောင်း မသင်္ကာသူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.