Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဥက္ကဋ္ဌ အပြီးသတ် အစီရင်ခံစာ နိုင်ငံတော် သမ္မတထံ ပေးအပ်

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဥက္ကဋ္ဌ အပြီးသတ် အစီရင်ခံစာ နိုင်ငံတော် သမ္မတထံ ပေးအပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ကိုဖီအာနန်နှင့် ကော်မရှင်အဖွဲ့ဝင်များ ယနေ့နံနက် ၁၀ း ၃၀ နာရီတွင် သမ္မတ အိမ်တော်၌ လာရောက် တွေ့ဆုံ ဂါရဝပြုကာ ရခိုင်ပြည်နယ်ဆိုင်ရာ အပြီးသတ် အစီရင်ခံစာကို ပေးအပ်ခဲ့သည်။

“ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ပြည်သူလူထုများအတွက် ငြိမ်းချမ်းမျှတ၍ သာယာဝပြောသော အနာဂတ် ပေါ်ထွန်းလာနိုင်ရေးကို ဦးတည်လျက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ” အမည်ရှိသည့် အဆိုပါ အစီရင်ခံစာကို ကော်မရှင် ဥက္ကဌ ဒေါက်တာ ကိုဖီအာနန် အပါအဝင် အဖွဲ့ဝင် ၁၀ ဦးတို့က လာရောက် ပေးအပ်သည့် ဂါရဝပြု တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန တို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ အမြဲတမ်း အတွင်းဝန်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူူးချုပ်နှင့် သံတမန်ရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌအားတွေ့ဆုံစဉ် (ဆင်ဟွာ)

ထိုအစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေါက်တာ ကိုဖီအာနန်က သြဂုတ် ၂၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ ရှန်ဂရီလာ ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.