ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၉ဝ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးမည့် လူမှုရေး ပင်စင်များကို သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာ့မီးရထားအနေဖြင့် အိန္ဒိယနိုင်ငံမှ စက်ခေါင်းသစ်များကို ဝယ်ယူ ထားပြီးဖြစ်၍ မြန်မာနိုင်ငံ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ လာမည့် မေ ၁ ရက် တွင် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
နေပြည်တော်၊ ဧပြီ ၂၁ (ဆင်ဟွာ) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းအား မေလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း၊ နေပြည်တော ်(တောင်ပိုင်း) မှ တာဝန်ရှိသူတစ်ဦးက မီဒီယာသို့ ပြောသည်။
ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ဖလားပြိုင်ပွဲ မြန်မာ ယူ-၁၉ အသင်း တတိယနေရာလုပွဲ ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အနောက် ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့်...
ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် ထုတ်ကုန်သီးသန့် အရောင်းဆိုင်များကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်တိုင်း၌ ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး အစုရှယ်ယာ ရှင်များ ပါဝင်ရန်ဖိတ်ခေါ်လျက်ရှိကြောင်း အဆိုပါ အော်ဂဲနစ်ဈေးကွက် ဖော်ဆောင်ရေးအဖွဲ့မှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ဝင်ရောက်ပျက်ပြယ်သွားပြီဖြစ်သောအပူပိုင်းမုန်တိုင်းမာရသာ(Marrutha)၏အရှိန်ကြောင့် နောက်(၇၂)နာရီအတွင်း မိုးရွာသွန်းမှု များပြားပြီး ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများ သတိပြုနေထိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနစ်၊ ဧပြီလ (၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၅)နာရီ (၄၅)မိနစ် (၂၀)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ( ၂၇၇ )မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တာလေမှ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍...
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ ဧပြီလ တတိယ(၁၀)ရက်ပတ်အတွင်းတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် ဧပြီလ တတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၅-ပေမှ ၇-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့ ၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် ၂-ပေမှ ၄-ပေခန့်နှင့်...