Connect with us

Sport

အာရှယူ-၂၃ ဘောလုံးခြေစစ်ပွဲတွင် မြန်မာအသင်း စင်ကာပူအသင်းအား ၂-ဝဂိုး ဖြင့် အနိုင်ရရှိခဲ့


ရန်ကုန် ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

၂၀၁၈ အာရှ ယူ-၂၃ ချန်ပီယံရှစ်ဘောလုံးခြေစစ်ပွဲ အုပ်စု(F) ၏ အုပ်စု ဒုတိယပွဲစဉ်တစ်ပွဲအဖြစ် မြန်မာယူ-၂၃အသင်းနှင့် စင်ကာပူ ယူ-၂၃အသင်းတို့ ဇူလိုင် ၁၉ ရက်(ယနေ့) ည ၆း၀၀ နာရီက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်မြန်မာအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ပွဲစဉ် ပထမပိုင်းတွင် မိုးသည်းထန်ရွာ သွန်းခဲ့သည့်အတွက် နှစ်သင်းစလုံးသည် ဘောလုံးကို ထိန်းကစားခဲ့ရသည်။ အိမ်ရှင်မြန်မာအသင်းက စင်ကာပူအသင်းဘက်သို့ တိုက်စစ်ဆင် ဖိအားပေးကစားခဲ့ပြီး စင်ကာပူအသင်းကလည်း အကောင်းဆုံး တုံ့ပြန်ကစားခဲ့သည်။ သို့သော် ပထမပိုင်းအပြီးတွင် နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် ဂိုးမရှိ သရေကျခဲ့သည်။

မြန်မာအသင်းမှအောင်သူ စင်ကာပူအသင်းသို့ဂိုးသွင်းပြီအောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဒုတိယပိုင်းပြန်လည်စတင်ရာတွင် မြန်မာအသင်းက မိနစ် ၆၀ တွင် ဦးဆောင်ဂိုးစတင်ရခဲ့ပြီး တိုက်စစ်မှူး အောင်သူက ကန်သွင်းယူပေး ခဲ့ခြင်းဖြစ်သည်။ စင်ကာပူအသင်းသည် ဦးဆောင်ဂိုးခွင့်ပြုခဲ့ရသည့်အတွက် ချေပဂိုးရရန်ပွဲစဉ်မှာအကြိတ်အနယ် ရှိခဲ့ပြီး အနီကတ်၊ အဝါကတ်များဖြင့် ဒိုင်လူကြီးမှ အကြိမ်ကြိမ်သတိပေးခဲ့ရသည်။

မြန်မာအသင်းမှ စင်ကာပူအသင်းသို့ဂိုးသွင်းပြီ အသင်းဖော်များအောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မြန်မာအသင်း နှင့် စင်ကာပူအသင်းတို့ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ

ဘောလုံးပွဲ သို့ လာရောက်အားပေးသည့်ပရိတ်သတ်များအားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာအသင်းအတွက် အနိုင်သေချာစေမည့် ဂိုးကို ပွဲချိန် ၉၀+၃ မိနစ်တွင်လှိုင်းဘိုဘိုကထပ်မံ သွင်းယူပေးခဲ့သည်။ စင်ကာပူအသင်းသည် ပွဲကစားချိန်ပြီးဆုံးသည်အထိ ချေပဂိုး မသွင်းနိုင်ခဲ့သဖြင့် အိမ်ရှင်မြန်မာအသင်းက ၂-၀ ဂိုးဖြင့်အနိုင်ရကာ ပွဲဦးထွက် အဖွင့်ပွဲစဉ်တွင် အနိုင်ဖြင့် ပွဲထွက် နိုင်ခဲ့ခြင်းဖြစ်သည်။အုပ်စုပထမ ပွဲစဉ်တွင် သြစတြေးလျ ယူ-၂၃ အသင်းက ဘရူနိုင်း ယူ-၂၃ အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် လာမည့် ဇူလိုင် ၂၁ ရက်တွင် ဘရူနိုင်းအသင်းနှင့် ဆက်လက်ကစားမည်ဖြစ်ပြီး စင်ကာပူအသင်းမှာ သြစတြေးလျအသင်းနှင့် ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.