ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၁၇ ခုနှစ်၊ မဟာသြင်္ကန်ကာလတွင် သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ ၁၅၂ ဦး ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ဆိုင် ကလုန်းမုန်တိုင်း မာရသာ အရှိန်ကြောင့် သံတွဲမြို့နယ် တရော်တောကျေးရွာတွင် လူနေအိမ်(၁၀)လုံး ဓနိ ခေါင်မိုးပျက်စီးခဲ့ပြီး ဓနိမိုး၊ဓနိထရံကာအိမ်(၁)လုံး ပျက်စီးကာ၊ ကျောက္ကလပ်ရွာတွင် လူနေ အိမ်(၁၀)လုံး၊ မှိုဟင်းပြင်ရွာတွင် လူနေအိမ်(၆)လုံး ခေါင်မိုးများ ပျက်စီးကာ၊ တုံးတော အုပ်စု ခတ္တူကျေးရွာ...
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်တွင် မာရသာမုန်တိုင်း တိုက်ခတ်မှုကြောင့် ကျောက်ဖြူ(IDP)စခန်း၊ (၈)ခန်းတွဲ လူနေ အိမ်အဆောက် အဉီး(၁)လုံး၊ မာန်အောင်မြို့နယ်တွင် စာသင်ကျောင်း (၆)ကျောင်း၊ ဘုန်းတော်ကြီး ကျောင်း(၂)ကျောင်း၊ မြို့နယ်ပြည်သူ့ဆေး ရုံခေါင်မိုး၊ လူနေအိမ်(၇)လုံး၊ အခြား အဆောက်အဦး(၂)ခု ထိခိုက် ပျက်စီး...
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ၁၃၇၉ ခုနှစ် မြန်မာ နှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် ဒုတိယ သမ္မတ များဖြစ်ကြသော ဦးမြင့်ဆွေ နှင့် ဦးဟင်နရီဗန်ထီးယူတို့မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha) သည် ရခိုင်ကမ်းရိုးတန်း ဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ ကုန်းတွင်း မုန်တိုင်းငယ် အဆင့်မှ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့သွားပြီ ဖြစ်ကြောင်း မိုးလေဝသ...
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၁၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းမာရသာ (Maarutha) သည် ရခိုင်ကမ်းရိုးတန်းဒေသ သံတွဲ မြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး၊ အညို ရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်းသည် ၁၆ ရက်နေ့ည သန်းခေါင်ယံတွင် မြန်မာနိုင်ငံ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း မာရသာ (Tropical Storm Maarutha) အရေးပေါ် တုံ့ပြန်ဆောင် ရွက်ရေး အတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဦးဆောင်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း...
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မာရသာမုန်တိုင်းအရှိန်ကြောင့် ဟိုင်းကြီးကျွန်းမြို့တွင် လေပြင်းများတိုက်ခတ်၊ လူတစ်ဦးသေ၊ နေအိမ်ခုနှစ်လုံး အမိုးပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း မာရသာ သည် မြန်မာနိုင်ငံကမ်းခြေဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသဖြင့် အနီ ရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း ၏ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေ အနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟုသတ်မှတ်ကြောင်း ထုတ်ပြန်ထားသည့်အတွက်လည်း ပြည်သူ များအနေဖြင့် အောက်ဖော်ပြပါကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ မှ အကြံပြုချက်ထုတ်ပြန်သည်။