Connect with us

Sport

တိုင်းဒေသကြီး နှင့် ပြည်နယ် တိုက်ကွမ်ဒို အားကစား ပြိုင်ပွဲတွင် အားကစားသမား ၁၂၅ ဦး ဝင်ရောက် ယှဉ်ပြိုင်

၂၀၁၇ ခုနှစ် တိုင်းဒေသကြီး နှင့် ပြည်နယ် တိုက်ကွမ်ဒို အားကစား ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားနေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-အား/ကာ)

ရန်ကုန် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် တိုင်းဒေသကြီး နှင့် ပြည်နယ် တိုက်ကွမ်ဒို အားကစား ပြိုင်ပွဲအား နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ပွဲရုံ(B)၌ ယနေ့ဇူလိုင် ၄ ရက်တွင် စတင် ကျင်းပရာ အမျိုးသား ၁၄ သင်း ၊ အမျိုးသမီး ၁၂ သင်း စုစုပေါင်း အားကစားသမား ၁၂၅ ဦး ဝင်ရောက် ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း အားကစား နှင့် ကာယ ပညာ ဦးစီးဌာနမှ သိရသည်။

ယခု ပြိုင်ပွဲကို တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် ကစားသမား အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ရရှိပြီး အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် နိုင်ငံ ဂုဏ်ဆောင် မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွက် လာစေရေး အတွက် ရည်ရွယ် ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် တိုင်းဒေသကြီး နှင့် ပြည်နယ် တိုက်ကွမ်ဒို အားကစား ပြိုင်ပွဲအား ဇူလိုင် ၄ ရက် နှင့် ၇ ရက်များတွင် နေ့စဉ် နံနက် ၉ နာရီမှ စတင်ကာ ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ပွဲရုံ(B)၌ ယှဉ်ပြိုင် ကစား သွားကြမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117