Connect with us

Culture & Entertainment

အာဇာနည်နေ့၌ အတွင်းဝန်ရုံးအတွင်းရှိ အထင်ကရနေရာအချို့ကို ဝင်ရောက်လေ့လာနိုင်ရန် ခွင့်ပြုပေးမည်

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံရရာ အတွင်းဝန်ရုံးကိုတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ဇူလိုင် ၅ ရက် (ဆင်ဟွာ)

အာဇာနည်နေ့၌ အတွင်းဝန်ရုံးအတွင်း အများပြည်သူ ဝင်ရောက်လေ့လာနိုင်ရန် အထင်ကရနေရာအချို့ကို ထပ်မံခွင့်ပြုပေးမည်ဖြစ်ကြောင်း အတွင်းဝန်ရုံးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မေသန္တာဝင်းက ပြောကြားသည်။ အတွင်းဝန်ရုံးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အနေဖြင့် လာမည့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ အတွက် ယခင်နှစ်ခွင့်ပြုခဲ့သော နေရာများအပြင် အာဇာနည်များခန်းမ(ဗိုလ်ချုပ်လုပ်ကြံခံရသော အခန်း)။တိုင်းပြုပြည်ပြုလွှတ်တော်ရုံး(ပါလီမန်အဆောက်အအုံ)။ ကက်ဘိနက်ဝန်ကြီးများအစည်းအဝေးခန်း စသည့်နေရာများကိုပါ ဝင်ရောက်လေ့လာနိုင်ရန် ဖွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် အာဇာနည်နေ့တွင် အတွင်းဝန်ရုံးသို့ပြည်သူများ လာရောက်လေ့လာနိုင်မှုကို အတွင်းဝန်ရုံးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မေသန္တာဝင်းက ရှင်းလင်းပြောကြားစဉ်(ဆင်ဟွာ)

ယခုနှစ်တွင် ဗိုလ်ချုပ်လုပ်ကြံခံရစဉ်ကအသုံးပြုခဲ့သော ပရိဘောဂများကို အမျိုးသားပြတိုက်က ပြန်လည်ဌားရမ်းပြီး ခင်းကျင်းပြသခြင်းပန်းချီပြပွဲများပြုလုပ်ပေးခြင်း များလည်းပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.