Connect with us

Science & Technology

မြန်မာနည်းပညာကျောင်းသားများအဖွဲ့ နိုင်ငံတကာစက်ရုပ် အိုလံပစ်ပြိုင်ပွဲ သို့ သွားရောက်ယှဉ်ပြိုင်မည်

နိုင်ငံတကာစက်ရုပ် အိုလံပစ်ပြိုင်ပွဲ သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာလူငယ်အဖွဲ့အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ရန်ကုန် နည်းပညာတက္ကသိုလ်မှ ကျောင်းသား နှစ်ဦး ပါဝင်သည့် ကျောင်းသားကိုးဦးအဖွဲ့ နိုင်ငံတကာစက်ရုပ် အိုလံပစ်ပြိုင်ပွဲ သို့ (International Robotics Challenge 2017)သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲမှာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တွင် ဇူလိုင် ၁၆ရက်မှ ၁၈ ရက်အထိ ကျင်းပရန်ရှိပြီး စက်ရုပ်အိုလံပစ်ပြိုင်ပွဲအဖြစ် ကမ္ဘာအရပ် ရပ်မှ လူငယ်စွန့်ဦးတီထွင်သူများ ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ပါဝင်စားသည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

မြန်မာလူငယ် ကိုးဦးပါဝင်သည့် နိုင်ငံကိုယ်စားပြုအဖွဲ့သည် ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသား ဘုန်းသီဟ ကျော်နှင့် ဝေယျာအောင်တို့ပါဝင်ကြောင်း သိရသည်။ အဆိုပါယှဉ်ပြိုင်မှုတွင် စက်ရုပ် တစ်ရုပ်ဖန်တီး တည်ဆောက်ပြသမည် ဖြစ်ပြီး ထိုစက်ရုပ်သည် ဘောလုံးများကို ကောက်သိမ်းနိုင်သည့်အပြင် သတ်မှတ် ထားသည့်နေရာသို့ သွားရောက်ထည့် ထားမှုကိုလည်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ၊ ထို့အပြင် ဘောလုံးများ သိမ်းဆည်းကာ ပွဲကြာချိန်နှစ်မိနစ်ခွဲပြီးချိန် တွင် စက်ရုပ်မှာ ဘေးပတ်လည်တွင်ရှိ သည့် ဘားတန်းကို ခိုထားပြီး မြေပြင်နှင့် ကင်းလွတ်စွာဖြင့် နေထိုင်မည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်ရုပ် တည်ဆောက်ကြသည့် မြန်မာနိုင်ငံသားများ၏ လှုပ်ရှားမှုများကို First Global Team Myanmar ၏ Facebook စာမျက်နှာတွင် ဝင်ရောက် ကြည့်ရှုနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.