ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ဦးကင်းအုပ်စု ကုလားဘာတောင်ကျွေးရွာ အလှူပွဲသို့သွားသော စက်လှေ ၁ စီးသည် မတ် ၁၇ ရက်တွင် စက်အင်ဂျင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လှေပေါ် စီးနင်း လိုက်ပါလာသူများ အနက် အမျိုးသမီး ၄ ဦးမှာ...
ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) နိုင်ငံ၏ အဆင့်အတန်းသည် သံတမန်များ အပေါ်တွင် များစွာ မူတည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မတ် ၁၇ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော နိုင်ငံခြားရေး ဝန်ကြီးဌာနနှစ်(၇၀) ပြည့်...
နေပြည်တော်၊ မတ်လ ၁၈ ရက် (ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ပုဂ္ဂလိက ဆေးရုံများတွင် သူနာပြုတက္ကသိုလ် သူနာပြုသင်တန်းကျောင်းများမှ စာချုပ်ဖောက်ဖျက်သော သင်တန်းသားများကို ခန့်ထားခြင်း မပြုရန် ဟူသည့် အကြောင်းကြား စာနှင့် ပတ်သက်၍ မတ်လ ၁၅ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော...
နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော် ကိုယ်စားများသည် မိမိတို့မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို ပြည့်ဝစေရန် တာဝန်ကျေပွန်စွာ ဆက်လက် ကြိုးပမ်းကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ယနေ့ ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး အပြီးတွင် တိုက်တွန်းပြောကြားခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ) မူလက တင်ပြ တောင်းခံငွေပေါင်း ကျပ် ဘီလျံ နှစ်သောင်းကျော်ခန့်ရှိသည့် ၂၀၁၇ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ကျပ် ၃၀၃ ဘီလျံခန့်ဖြတ်တောက်ပြီး ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ပြီး ယနေ့အထိ အစည်းအဝေးကာလ ၄၇ ရက် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးကာလတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို...
ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ အား ယနေ့မတ် ၁၇ ရက်တွင် ရန်ကုန်မြို့၊ မြောက်ပိုင်း...
ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနား ကျင်းပမည့် မတ် ၁၈ ရက် ညနေ ၄ နာရီမှ ည ၇ နာရီအထိ လမ်းပိတ်ထားမည် ဖြစ်သဖြင့် မော်တော်ယာဉ်များ လမ်းလွှဲမှ မောင်းနှင်ကြရန် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ...
ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) ကိုကိုးကျွန်း ရေပြင်တွင် တပ်မတော်(ရေ)စစ်ရေယာဉ်များသည် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းများအား မတ်လ ၂၃ ရက်မှ ၃၁ ရက် အတွင်း လေ့ကျင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ အခြေအနေ တိုးတက်လာစေရန် လတ်တလော အကောင်အထည်ဖော်နိုင်မည့် အဆင့်များ ပါဝင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာအား တင်သွင်းလိုက်ကြောင်း ယနေ့ မတ် ၁၆ ရက်တွင် ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။