Connect with us

Politics, Law & Military

ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ၄ ဦး ခန့်အပ် တာဝန်ပေး

နိုင်ငံတော် သမ္မတရုံးမှ အမိန့် အမှတ် ၁၃/၂၀၁၇ ကြေညာချက်အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ၄ ဦးအား ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ် ၁၃/၂၀၁၇ အား ထုတ်ပြန် ကြေညာခဲ့သည်။

ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများ အဖြစ် ဦးမြဟန် ၊ ဦးမျိုးတင့် ၊ ဦးစိုးနိုင် ၊ ဦးခင်မောင်ကြည်တို့အား ခန့်အပ် တာဝန်ပေးခဲ့သည်။ထိုသို့ခန့်အပ်တာဝန်ပေးအပ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၉၉ ၊ ပုဒ်မခွဲ(ခ) ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဥပဒေ ပုဒ်မ ၁၆ ၊ ပုဒ်မခွဲ(ခ) ၊ ပုဒ်မခွဲငယ်(၆) နှင့် ပြည်ထောင်စု တရား စီရင်ရေး ဥပဒေ ပုဒ်မ ၂၅ တို့ပါ ပြဌာန်းချက်များ အရ ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၉၉ ၊ ပုဒ်မခွဲ(ခ)တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများ ဦးရေ အနည်းဆုံး ခုနှစ်ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့်အပ်နိုင်ကြောင်း ပြဌာန်းထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.