ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံး တန် ၂၀ကျော်ကို ဖေဖော်ဝါရီ ၁၀ရက်က ဖမ်းဆီးရမိကြောင်း မိုးညှင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုးတန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်းအား အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာ၌ ဦးဆောင်ပါဝင်သူတစ်ဦးကို စစ်တွေခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ၆၆ ကေဗွီ ဓာတ်အားလိုင်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ဇန်နဝါရီလ၌ ၆၆ ကေဗွီဓာတ်အားလိုင်း စီမံကိန်းလေးခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက လစဉ်ကျင်းပသည့် သတင်းထုတ်ပြန်ခြင်း အခမ်းအနားမှ...
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) အထူးကုန်စည်ခွန် ၁၇ မျိုးတွင် ပါဝင်သည့် ကားတင်သွင်းမှုအပေါ် ကား၏ အင်ဂျင်ပါဝါကို မူတည်ပြီး အခွန်နှုန်းထား သတ်မှတ်မှု၊ ရွှေလက်ဝတ်ထည်များ ကုန်သွယ်လုပ်ငန်းခွန် လျှော့ချမှု အပါအဝင်၂၀၁၇ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက် ဥပဒေကြမ်း နှင့် စပ်လျဉ်းပြီး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတောင်ပိုင်းရှိ မြိတ်ကျွန်းစုဒေသကို Marine Tourism ဒေသအဖြစ် အစိုးရအဖွဲ့အစည်းများ၊ NGO များ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က Myanmar International Travel Mart 2017 တွင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း တွင် လက်ခတ် လှေတစ်စီးပေါ်မှ ငွေကျပ် သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်း ရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်(၇၀)ပြည့်မြောက် အခမ်းအနားအတွက် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် တံဆိပ်ခေါင်း ထုတ်ဝေမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုအပိုင်းနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအပိုင်းတို့တွင် အောင်မြင်မှုရရှိစေရန် တပ်မတော်အနေဖြင့် ရွေးချယ်ခံအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းနိုင်ရန် ယဉ်ကျေးမှု အမွေအနှစ် ဒေသဇုန် နယ်နိမိတ်အသစ် ပြင်ဆင် သတ်မှတ်ခြင်းကို လာမည့် သုံးလအတွင်း အပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန...
တောင်ကြီး ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကြီးမြို့ရှိ ပရဟိတ ဂေဟာများမှ ကလေးငယ်များအား အာဟာရ ကျွေးမွေးခြင်းများအား ယနေ့ဖေဖော်ဝါရီ ၁၃ ရက်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။