Connect with us

Social

YBS ၃၇ ယာဉ်လိုင်း ဆူးလေ အထိလမ်းကြောင်း တိုးချဲ့ပြေးဆွဲမည်

YBS ၃၇ ယာဉ်လိုင်းတစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ (YBPC) ၏ YBS ၃၇ ယာဉ်လိုင်းအနေဖြင့် ထောက်ကြန့်ဂိတ်စမှ ဘုန်းကြီးလမ်း စံပြမှတ် တိုင်ကို ဂိတ်ဆုံးအဖြစ် ပြေးဆွဲနေရာမှ ယခုဆူးလေ အထိလမ်းကြောင်း တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

လက်ရှိ မြို့တွင်းအထိ လမ်းကြောင်းပြေးဆွဲလာသည့် YBS ၃၇ ယာဉ်လိုင်းသည် ယခင်က စံပြမှတ်တိုင်တွင် ဂိတ်ဆုံးအဖြစ် သတ်မှတ်ထားပြီး ထောက်ကြန့်ဂိတ်စမှ ပြည်လမ်းမကြီးအတိုင်း မောင်းနှင်ပြေးဆွဲနေသော ယာဉ်လိုင်းဖြစ်သည်။ အဆိုပါ ယာဉ်လိုင်းသည် ယခင်က BRT Lite အမည်ဖြင့် ပုံသေယာဉ်စီးခ ကျပ် ၃ဝဝ နှုန်းဖြင့် ပြေးဆွဲပေးနေသော ယာဉ်လိုင်းဖြစ်ပြီး ကတ်စနစ်ဖြင့် ငွေပေးချေစနစ် ကျင့်သုံးနေသော ယာဉ်လိုင်းတစ်ခုဖြစ်သည်။

YBS ၃၇ ကဲ့သို့ မြို့တွင်းအထိ လမ်းကြောင်းချိတ်ဆက်ပြေးဆွဲ ခွင့်ပြုထားသည့်ယာဉ်လိုင်းမှာ YBS ၂ဝ ယာဉ်လိုင်းဖြစ်ပြီး အခြားသော လမ်းကြောင်းအချို့ကိုလည်း မြို့တွင်းအထိ ချိတ်ဆက်ပြေးဆွဲနိုင်ရန် သုံးသပ် ဆောင်ရွက်နေကြောင်း အဆိုပါအဖွဲ့ မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က စတင်ပြောင်းလဲခဲ့သော YBS ယာဉ်လိုင်း များအဖြစ် ပြောင်းလဲပြေးဆွဲခဲ့မှုတွင် YBS ၃၇ ယာဉ်လိုင်းအမှတ်ဖြင့် ပြေးဆွဲပေးနေပြီး မြို့တွင်းသို့ ဝင်ရောက်ခြင်းမရှိတော့ဘဲ ပုံသေယာဉ်စီးခကျပ် ၂ဝဝ သာ ကောက်ခံလျက်ရှိသည်ဟု သိရသည်။

မြို့တွင်းတွင် သီးသန့်ယာဉ်လိုင်း အဖြစ် ၅၆၊ ၅၇၊ ၅၈ ယာဉ်လိုင်းတို့က လွန်းပြန်ပြေးဆွဲပေးလျက်ရှိပြီး ရန်ကုန် မြို့တွင်းအထိ သွားလာလိုသော ခရီးသည်များအနေဖြင့် အဆိုပါယာဉ်လိုင်း သုံးလိုင်းအား တစ်ဆင့်ပြောင်းစီးရသောကြောင့် ယာဉ်နှစ်ဆင့်၊ သုံးဆင့် စီးနင်းရသည့် အခက်အခဲများရှိနေကြောင်း တင်ပြလာမှုများအရ ယာဉ်လိုင်းအချို့အား မြို့တွင်းအထိ ချိတ်ဆက်ပြေးဆွဲစေခြင်းဖြစ်ကြောင်း သိရသည်။

YBS ၃၇ ပြေးဆွဲမည့် လမ်းကြောင်းမှ ထောက်ကြန့်မှ ဝိုင်ယာလက်၊ စော်ဘွားကြီးကုန်း၊ (၈)မိုင်၊ လှည်းတန်း၊ မြေနီကုန်း၊ သရက်တော၊ ဗိုလ်ချုပ်ဈေး၊ ဆူးလေ၊ ကမ်းနားလမ်း(ခြောက်ထပ်ရုံး)၊ ဘုန်းကြီးလမ်း၊ စံပြမှ ထောက်ကြန့် သို့ဖြစ်ပြီး ဂိတ်ဆုံးအဖြစ် ခြောက်ထပ်ရုံး(ကမ်းနားလမ်း)သို့ ပြောင်းလဲသတ်မှတ် ထားကြောင်း သိရသည်။ ယာဉ်စီးခကောက်ခံမှုပုံစံမှာ ထောက်ကြန့်မှ သရက်တောအထိ ကျပ် ၂ဝဝ၊ သရက်တောမှ ခြောက်ထပ်ရုံးအထိ ကျပ် ၁ဝဝ ဖြစ်ပြီး ခြောက်ထပ်ရုံးမှ စံပြသို့ ကျပ် ၁ဝဝ၊ ထောက်ကြန့်မှ ခြောက်ထပ် ရုံးအထိ ခရီးစဉ်အစအဆုံး ကျပ် ၃ဝဝ နှုန်းဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

YBS ၃၇ ပြေးဆွဲနေသည့် YBPC ကုမ္ပဏီအနေဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု စနစ်ဖြင့် ဖွဲ့စည်းထူထောင်ထားသည့် ဘတ်စ်ကား အများပိုင်ကုမ္ပဏီ တစ်ခုဖြစ်ပြီး လက်ရှိတွင် ယာဉ်အစီးရေ ၁ဝဝ နီးပါးခန့် ရှိလာကာ ယာဉ်အသစ်များတိုးချဲ့ရန် စီစဉ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.