Connect with us

Social

လှိုင်သာယာစက်မှုဇုန်၌ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

လှိုင်သာယာစက်မှုဇုန်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်၌ လျှပ်စစ်ဓာတ်အား ၃ဝဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ Won Toll ကုမ္ပဏီက တည်ဆောက်ရန် စီစဉ်နေကြောင်း၊ ယင်းကုမ္ပဏီသည် ဧရာဝတီတိုင်း ဒေသကြီး မအူပင် စက်မှုဇုန်အနီး၌ ထိုင်း နိုင်ငံအခြေစိုက် ကုမ္ပဏီနှင့် ပူးပေါင်း၍ လျှပ်စစ်ဓာတ်အား ၃ဝဝ မဂ္ဂါဝပ်ထုတ်လုပ် နိုင်မည့် ဆိုလာလျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ခု တည်ဆောက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိ ကန်ဒေါ်လာသန်း ၉ဝ ကျော်ရှိကြောင်း သိရသည်။

ယင်းWon Toll ကုမ္ပဏီက ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် လျှပ်စစ်ဓာတ် အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်မှာ လက်ရှိတွင် လျာထားချက်အဆင့်သာရှိပြီး ရန်ကုန်မြို့၌သာမက ဈေးကွက်ရှိသည့် နေရာများ၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.