Connect with us

Politics, Law & Military

အထည်ချုပ်စက်ရုံအားလုံး အွန်လိုင်းမှ လိုင်စင်လျှောက် ထားနိုင်သည့်စနစ် အသုံးပြုမည်

WWW.myanmartradenet. Com စာမျက်နှာအားတွေ့ရစဉ် (ဓာတ်ပုံ-- myanmartradenet)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ဇွန်လဆန်းပိုင်းမှစ၍ အထည်ချုပ်စက်ရုံ (CMP) အားလုံး အွန်လိုင်းမှအပြည့်အဝ လိုင်စင်လျှောက် ထားနိုင်သည့်စနစ် ကို အသုံးပြု မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန် သွယ်ရေး ဦးစီးဌာန တာဝန်ရှိ သူတစ်ဦးထံမှသိရသည်။

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် အထည်ချုပ်စက်ရုံ ၁ဝ ရုံ၌ အွန်လိုင်းလိုင်စင်စနစ်ကို စမ်းသပ် ကာလအဖြစ် စတင် အသုံးပြုခဲ့ပြီး ယင်းစမ်းသပ်ကာလအတွင်း လုပ်ငန်းမြန်ဆန်လာသည့်အပြင် အဆင်ပြေသဖြင့် ထပ်မံ ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

အွန်လိုင်းစနစ်ဖြင့် လိုင်စင်လျှောက်ထားမည့် သူများသည် www.myanmartradenet.com တွင် အသုံးပြုနိုင်သည့် အွန်လိုင်းအကောင့်ရှိရမည်ဖြစ်ကာ ယင်းဝက်ဘ်ဆိုက်၌ အဖွဲ့ဝင်အဖြစ် မှတ်ပုံ တင်ထားရမည်ဖြစ်သည်။ အဆိုပါဝက်ဘ် ဆိုက်တွင် လျှောက် ထားရမည့် လိုင်စင်အမျိုးအစားကို ရွေးချယ်ကာ ကုန်ပစ္စည်းအမျိုးအစား၊ ကုန်ပစ္စည်းနှင့်သက်ဆိုင်သည့် ထောက်ခံချက်များနှင့် ကုမ္ပဏီ၏ အချက်အလက်များ ထည့်သွင်း ရေးသားရမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာတစ်ခုတွင် သတင်းထုတ်ပြန်ခဲ့သည်။

လိုင်စင်လျှောက်ထားခြင်းအတွက် ငွေပေးချေရာတွင် e-payment စနစ်အသုံးပြုကာ မြန်မာ့စီးပွားရေး ဘဏ်တွင် ပေးချေနိုင်ပြီး အကောက်ခွန် ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးပါက အွန်လိုင်းလိုင်စင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.