Connect with us

Social

ပြည်ပမှ ဘိလပ်မြေတင်သွင်းမှု၆ဝ ရာခိုင်နှုန်းအထိ လျော့ကျ

ဘိလပ်မြေစက်ရုံတစ်ရုံလည်ပတ်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ပြည်တွင်း၌ ယခု ဘဏ္ဍာနှစ်အတွင်း ပြည်ပမှ ဘိလပ်မြေတင်သွင်းမှု၆ဝ ရာခိုင်နှုန်းအထိ လျော့ကျလာ ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံရှိ ဘိလပ်မြေစက်ရုံများ၌ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံ တည်ဆောက်မှုများကြောင့် ပြည်ပက ဘိလပ်မြေတင်သွင်မှုများသည် တစ်နှစ် ထက် တစ်နှစ် လျော့ကျလာကြောင်း၊ ယခုနှစ် အခုဘဏ္ဍာနှစ် လက်ရှိ အချိန်ထိ အရင်နှစ်ကတင်သွင်းမှုထက် လျော့ နည်းလာနေကြောင်း သိရသည်။

၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေလနောက်ဆုံးပတ်အထိ ပြည်ပမှ ဘိလပ် မြေ တင်သွင်းမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၂ဝ သန်းရှိပြီး ပြီးခဲ့သည့်နှစ် အလားတူ ကာလအထိ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၆၁၇ သန်းတန်ဖိုးအထိ တင်သွင်း ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.