Connect with us

Environment, Disasters & Accidents

မုန်တိုင်းသင့် ဒေသများ အတွက် လှူဒါန်းရန် ထောက်ပံ့ပစ္စည်းများ တင်ဆောင် လာသည့် အိန္ဒိယ ရေတပ်မှ စစ်ရေယာဉ် တစ်စင်း ရန်ကုန်မြို့သို့ရောက်ရှိ

သီလ၀ါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာခဲ့သည့် စစ်ရေယာဉ်မှ ထောက်ပံ့ပစ္စည်းများအား တွေ့ ရစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ဆိုင်ကလုန်း မုန်တိုင်း(မိုရာ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ အတွက် ထောက်ပံ့ ပစ္စည်းများ တင်ဆောင် လာသော အိန္ဒိယ ရေတပ်မှ စစ်ရေယာဉ် INS Sumitra (P-59) သည် ဇွန် ၆ ရက်တွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထိုစစ်ရေယာဉ်ပေါ်တွင် တင်ဆောင်လာသည့် စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများအား စစ်ရေယာဉ်မှူး က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်ရေယာဉ်တွင် အရာရှိ၊ စစ်သည် ၁၁၇ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဇွန် ၈ ရက်ထိ သုံးရက်ကြာ နေထိုင်၍ လေ့လာရေးခရီးစဉ်များ လှည့်လည်သွားရောက်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.