ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) မိုးကြိုကာလဖြစ်သည့် မေလအတွင်း မြန်မာနိုင်ငံအရပ်ရပ်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
နေပြည်တော် ၊ မေ ၂ ရက်(ဆင်ဟွာ) ယခု အစိုးရ လက်ထက် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက် ထိ အမည်မည်း စာရင်း (Black List)မှ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသား...
ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂ (အီးယူ) ဌာနချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် ဗြိတိန်နိုင်ငံတို့သို့ တရားဝင် ခရီး သွားရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဧပြီ ၃၀ ရက် ည ၇ နာရီ ၄၅ မိနစ်...
ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ ဧပြီ ၂၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းခြင်း ၊ လေပြင်း တိုက်ခြင်း ၊ မိုးသီး ကြွေခြင်း တို့ကြောင့် ရပ်ကွက်/ကျေးရွာ ၁၇ ခု၊ အိမ်ခြေ ၁၈၈ အိမ် လေဘေး...
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် တရားမဝင်သယ်ဆောင်လာသည့်ကျောက်စိမ်းတုံး ၃၄၉ တုံး(ခန့်မှန်း ၂ တန်ခန့်) တရားမဝင်သယ်ဆောင်လာသည့် မော်တော်ဆိုင်ကယ် ၁၂ စီးဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ပြည်တွင်း အခွန်များ ဦးစီးဌာနအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမှုတွင် ပြေစာ အမှတ်တံဆိပ် ကပ်နှိပ် ရောင်းချမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မေလ ဒုတိယပတ် (၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းသို့ လည်းကောင်း၊ မေလတတိယ(၁၀)ရက်ပတ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများသို့လည်းကောင်း အသီးသီးဝင် ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) (၃၀) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ H.E. Mr. Joko Widodo (မစ္စတာဂျိုကိုဝိဒိုဒို) နှင့် ယနေ့ ဒေသစံတော်ချိန်(၀၉၀၀)နာရီတွင် မနီလာမြို့၊...
နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အစိုးရသစ် လက်ထက် တစ်နှစ်တာအတွင်း သွားဘက်ဆိုင်ရာ သစ်လွင် ဆရာဝန် ၁၇၀၀ ကျော်နှင့် ဆရာဝန် ၂၈၁ ဦး အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်း ၁၃၃၇၆ ဦးတို့ကို ခန့်အပ်ခဲ့နိုင်ခဲ့ သည်ဟု ကျန်းမာရေး နှင့်...
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ယနေ့မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့တဲ့အတွက် ခရီးသည် ၁၉ဦး သေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကျော်လင်းဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။