Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေ လက်ရှိရေအမှတ်ထက်မြင့်တက်လာနိုင်သည့်အတွက် မြစ်ကြောင်းအတွင်းသွားလာသည့်ရေယာဉ်များ ဂရုပြုနေထိုင်ရန် မိုးဇလ ထုတ်ပြန်

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေ တို့ လက်ရှိရေအမှတ်များထက် မြင့်တက်လာနိုင်သည့်အတွက် မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြု သင့်ပါကြောင်းနှင့် မြစ်ရေနည်းစဉ် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေမြင့် တက်လာနိုင်မှုကို ဂရုပြုနေထိုင်သင့်ပါကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုချက် ထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ (၇၉၈) စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး (၁) ရက်အတွင်း (၁၆) ပေခွဲခန့် မြင့်တက် ခဲ့ပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁) ရက်မှ (၅) ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် (၁၁) ပေမှ (၁၃) ပေခန့်နှင့် နောက် (၂) ရက်မှ (၇) ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့နှင့် နောက် (၃) ရက်မှ (၁၂) ရက်အတွင်း ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့ ၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်လည်းကောင်း (၉)ပေမှ (၁၁)ပေခန့် လက်ရှိရေ မှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ယမန်နေ့က ခန္တီးမြို့တွင် (၁၂)ပေခန့် မြင့်တက်ခဲ့သော မြစ်ရေများသည် ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန်တိုင်းထွာချက်အရ (၁) ပေခန့် ပြန်လည်ကျ ဆင်းခဲ့ပြီးဖြစ်ကြောင်း၊ ချင်းတွင်းမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော မြစ်ရေများသည် (၁)ရက်အတွင်း ဟုမ္မ လင်းမြို့၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် (၃)ပေမှ (၇)ပေခန့် မြင့်တက်ခဲ့ပြီးဖြစ်ကြောင်း နှင့် အဆိုပါမြစ် ရေသည် နောက်(၁)ရက်အတွင်း ဖောင်းပြင်မြို့တွင် (၁)ပေခန့်၊ နောက် (၁) ရက်မှ (၅)ရက်အတွင်း မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့ နှင့် မုံရွာမြို့တွင် (၆)ပေမှ (၈)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.