ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ဌာန၏ စီစဉ်မှုဖြင့် မြန်မာ့လက်ရွေး စင် ဂိုးနည်းပြများနှင့် မြန်မာ့လက်ရွေးစင် ဂိုးသမားများ၏ စွမ်းဆောင်ရည် မြင့် မားလာ စေရန် ရည်ရွယ်၍ သင်တန်း ပို့ချရန် ရောက်ရှိနေသော ဟန်ဂေရီလက်ရွေးစင်အသင်း၏ ဂိုးနည်းပြ ဖြစ်သော ဂျာမနီလူမျိုး...
နေပြည်တော်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ အခြေခံအဆောက်အဦများနှင့် စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပိုမိုတိုးမြှင့်ရေးများကို ယနေ့ ဖေဖော်ဝါရီ ၂ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E.Dr.Somkid Jatusripitak နှင့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ချက်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ သတ်ခံရမှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးကာ အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို တောင်းဆိုကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုဖီအာနန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ဒီမိုကရေစီ ရှင်သန်နိုင်ရေးအတွက် စွမ်းရည်မြင့်ပြီး အားကောင်း ခိုင်မာသည့် လွှတ်တော်များ လိုအပ်သောကြောင့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး ဆက်လက် ကြိုးပမ်း ဆောင်ရွက်ကြရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ တိုက်တွန်း ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးသတင်းပို့စနစ် တစ်ခုကို တည်ထောင်ကာ စဉ်ဆက်မပြတ် အချက်အလက်များ ဖြည့်ဆည်း၍ ရောဂါများကို စောင့်ကြပ်ကြည့်ရှု သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်း လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး Master Plan အား ရေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်း နယ်စပ်ဂိတ်များမှ တရားမဝင် ဝင်ရောက်လာသော ကုန်စည်များကို ခေတ်မီ X-rayစက်များဖြင့် မတ်လတွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် မန်ဖာကျေးရွာအုပ်စု၊ မန်ဖာလေးကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ တွင် ကုန်တင်ရေယာဉ်နှစ်စီး တိုက်မိခဲ့ပြီး လူသေပျောက်မှု မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ပြည်ပသို့ တရားမဝင်သစ်များ တင်ပို့သူများကို မြို့နယ်တရားရုံးတွင် သစ်တောဥပဒေပုဒ်မဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတား တည်ဆောက်မှုပြီးစီးလျှင် မြန်မာနိုင်ငံဘက်မှမြေယာများအတွက် မြေပိုင်ရှင် ၇၁ ဦးအား စုစုပေါင်းငွေကျပ် ၃၅၂၆ သန်းကို နိုင်ငံတော်အစိုးရက ပေးအပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။