Connect with us

Politics, Law & Military

ငွေကျပ် သိန်း ၆၁ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ နှင့် သယ်ဆောင်လာသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

တာချီလိတ်မြို့လွယ်တော်ခမ်းပူးပေါင်းဂိတ်၌ ငွေကျပ် သိန်း ၆၁ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၇ ရက် ညပိုင်းတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၃ဝ) တာချီလိတ်မှ ဒုတိယတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး သက်မောင် ဦးစီးပါဝင် သော ပူးပေါင်းအဖွဲ့သည် လွယ်တော် ခမ်းပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် တာချီလိတ်မှ မိုင်းဆတ်သို့ စိုင်းခုန် မောင်းနှင်ပြီး အိုက်ယုံနှင့် ဆိုင်ထန်း တို့လိုက်ပါလာသောSHN 3G/– VIGO တစ်ခန်းခွဲ အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေ စစ်ဆေးရာ ယာဉ်နောက်ခန်းရှိ ကြမ်းခင်းအောက် နှစ်ထပ်အံဝှက် အတွင်းမှ ခဲစက္ကူဖြင့်ပတ်လျက် စိတ်ကြွဆေးပြားရိုက်နှိပ်ရန် အသင့် ရောစပ်ထားသည့် နီညိုရောင်အမှုန့် တစ်ထုပ်လျှင် ၅ဝဝ ဂရမ်ခန့်စီပါ ၁၅ ထုပ်၊ လိမ္မော်ရောင်အမှုန့် တစ်ထုပ် လျှင် ၄၅ဝ ဂရမ်ခန့်စီပါ ၇၄ ထုပ် စုစုပေါင်း ၈၉ ထုပ် (အလေးချိန် ၄ဝ ဒသမ ၈ ကီလိုခန့်) ဒေသတန်ဖိုး ငွေကျပ် သိန်း ၆၁၂ဝ ခန့်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.