Connect with us

Sport

မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို နိုင်ငံပေါင်း ၅ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်

စောဂေါ်မူဒို (မြန်မာ) နှင့် အိကျူစံ ( ထိုင်းတို့ ယှဉ်ပြိုင်နေစဉ် ( ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မြန်မာ၊ ဂျပန်၊ ထိုင်း၊ အင်္ဂလန်နှင့် သြစတြီးယား ငါးနိုင်ငံပါဝင် ယှဉ်ပြိုင် ထိုးသတ်ကြသည့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ကြီးကို မတ် ၁၉ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူ ရိုးရာလက်ဝှေ့ အားကစားရုံ၌ စတင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြောင်း သိရသည်။

ယနေ့ ယှဉ်ပြိုင်ထိုးသတ်သည့်် ငါးနိုင်ငံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ရိုးရာလက်ဝှေ့ နှင့် မွေထိုင်းအကဲစမ်းမည့် စောဂေါ်မူဒို (မြန်မာ)နှင့် အိကျူစံ(ထိုင်း)၊ ဒိုင်ခိခါနဲ ကို (ဂျပန်)နှင့် မာတင်စုတိုင်း( အင်္ဂလန်)၊ ရှမ်းကို(မြန်မာ)နှင့် စင်ရိုင်း(ထိုင်း)၊ ကြယ်စင်ဖြိုး(မြန်မာ)နှင့် သောမတ် တန်ဘာကာ(သြစတြီးယား)၊ စောထူး ဇော်(မြန်မာ)နှင့် ဟန်ချိုင်း(ထိုင်း)တို့ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး ပြည်တွင်းတွဲဆိုင်းများမှာ ဆလိုင်း ချမ်းမြေ့ကို(ထွန်းသွင်)နှင့် စိုးဝင်းသန်း (ရန်စစ်ငြိမ်း)၊ ဇာမဏီသွေး (ဧရာသား)နှင့် သန့်ဇင်မင်း(ထွန်းသွင်)၊ ထွန်းမင်း နိုင် (မုဒုံ)နှင့် သိန်းနိုင်ထွန်း(ယူနိုက်တက်)တို့ အသီးသီးယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။

ရှမ်းကို (မြန်မာ) နှင့် စင်ရိုင်း (ထိုင်း)တို့ယှဉ်ပြိုင်စဉ် (ဆင်ဟွာ)

ရှမ်းကို (မြန်မာ) နှင့် စင်ရိုင်း (ထိုင်း)တို့ယှဉ်ပြိုင်စဉ် (ဆင်ဟွာ)

ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးတွင် အဓိက တွဲဆိုင်းတွင်ပါဝင်သည့် ရှမ်းကို (မြန်မာ) နှင့် စင်ရိုင်း (ထိုင်း)တို့ယှဉ်ပြိုင်သည့် ပွဲစဉ် တွင် ရှမ်းကို (မြန်မာ) မှ အလဲထိုး အနိုင်ရခဲ့ပြီး ၊ စောဂေါ်မူဒို (မြန်မာ) နှင့် အိကျူစံ ထိုင်းတို့ ယှဉ်ပြိုင် သည့်ပွဲစဉ်၌ ပူးတွဲသရေ ရခဲ့သည်။ (Xinhua)