Connect with us

Environment, Disasters & Accidents

ကျောက်ဖြူ မြို့နယ်၌ စက်လှေ ၁ စီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး ၄ ဦး သေဆုံးပြီး ကလေး၂ ဦး ပျောက်ဆုံး

မီးလောင်မှု ဖြစ်ပွားခဲ့သည့် စက်လှေအား တွေ့ ရစဉ်(ဓာတ်ပုံ-State Counsellor Office Information Committee)

ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ဦးကင်းအုပ်စု ကုလားဘာတောင်ကျွေးရွာ အလှူပွဲသို့သွားသော စက်လှေ ၁ စီးသည် မတ် ၁၇ ရက်တွင် စက်အင်ဂျင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လှေပေါ် စီးနင်း လိုက်ပါလာသူများ အနက် အမျိုးသမီး ၄ ဦးမှာ ရေနစ် သေဆုံးခဲ့ပြီး ကလေး ၂ ဦးမှာ ပျောက်ဆုံး နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သိရသည်။

လှေပေါ်စီးနင်းလိုက်ပါလာသူ ကျား ၇ ဦး ၊ မ ၈ ဦး စုစုပေါင်း ၁၅ ဦးအနက် ၉ ဦးအား ဓညဝတီ ရေတပ် စခန်း ဌာနချုပ် မှ ကယ်တင်ထားကြောင်း နှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု များကို ဆောင်ရွက် ပေးလျက် ရှိကြောင်း ၊ အခင်းဖြစ်ပွားရာ နေရာသို့ ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ တပ်မတော်သား များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ထိုစက်လှေအား ပဲ့နင်း ဦးဘမောင်ဦး မောင်းနှင်ခဲ့ပြီး မတ် ၁၇ ရက် မွန်းလွှဲ ၁နာရီ ၃၅မိနစ်တွင် သစ်ပုတ်တောင် အနီး၌် စက်အင်ဂျင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.