ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) အပြည်ပြည် ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ရန်ကုန်-ကိုးလ်ကတ္တား- ရန်ကုန် ခရီးစဉ်သစ်ကို ဒီဇင်ဘာ ၁ ရက်မှစ၍ စတင်ပျံသန်းပြေးဆွဲလျက် ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ခရီးစဉ်သစ် အထူးအစီအစဉ်အဖြစ် ရန်ကုန်-ကိုးလ်ကတ္တား-ရန်ကုန် အသွားအပြန် လေယာဉ်...
စင်ကာပူ ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ အနေဖြင့် နှစ် ၂၀ အတွင်း စင်ကာပူ နိုင်ငံအား ကျော်နိုင်ရန် ကဏ္ဍတိုင်းတွင် ပြည်သူပြည်သားများ ပါဝင်ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူရောက် မြန်မာ အသိုက်အဝန်း နှင့် တွေ့ဆုံခဲ့ရာတွင် ထည့်သွင်း...
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပေါ် စုံစမ်း စစ်ဆေးရေး ကော်မရှင်အား ဒုတိယ သမ္မတ(၁)ဦးမြင့်ဆွေ ဦးဆောင်၍ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြေငြာစာ အမှတ် (၈၉/၂၀၁၆)အား ယနေ့ ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် များရှိ ပြည်တွင်း နေရပ် ပြောင်းရွှေ့ နေထိုင် ရသူများ (IDP) စခန်းများ အတွက် ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး(UNHCR)၏ စီမံချက်သို့ ပြင်သစ် အစိုးရက...
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းအသင်းတို့သည် ဒီဇင်ဘာလ ၄ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ် အထိမ်းအမှတ်နေ့ကို ယနေ့နံနက်ပိုင်း နေပြည်တော်၊ အမျိုးသား လွှတ်တော်တွင် ပထမဆုံး အကြိမ် အဖြစ် ကျင်းပခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)မြန်မာ-စင်ကာပူ နှစ်နိုင်ငံ အကြား သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ ယနေ့ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ ပြည်ဝင်ခွင့် ရယူရန် မလိုတော့ဘဲ ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားရောက်နိုင်ပြီ ဖြစ်ကြောင်း နှစ်နိုင်ငံ သဘောတူညီချက်များ အရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်မှုကြောင့် သေဆုံးသူများထဲမှ ၃၇ဦးအတွက် အာမခံ လျော်ကြေး သိန်း၃၇၀ ပေးအပ်လိုက်ကြောင်း မြန်မာအာမခံလုပ်ငန်းထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁ရက် (ဆင်ဟွာ)ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ကကြီးမှူးပြီးH&S Group က စီစဉ်မည့် မြန်မာ၊ လာအို၊ ထိုင်း နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အား ကစားရုံ၌ ဒီဇင်ဘာ ၄ ရက် နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၀ရက်နေ့မှ ၃၀ရက်နေ့ထိ သေဆုံးသူ ၁၄ဦးနှင့် ဒဏ်ရာရရှိသူ ၅၅ ဦးထိ တိုးမြင့်လာကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။