Connect with us

Science & Technology

ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ်၌ မြန်မာနိုင်ငံ မှ သစ်ခွ မျိုးစေ့ ၂၇ဝ ကျော်ကို စတင်အပ်နှံ

ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ်အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ရှားပါး သဘာဝသစ်ခွ အမျိုးအစားများ မျိုးမတုံးစေရန် အတွက် ပြည်တွင်းမှ သဘာဝသစ်ခွ မျိုးစေ့ ၂၇ဝ ကျော်ကို နော်ဝေနိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ်၌ စတင်အပ်နှံ ထားပြီဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ မျိုးစေ့ဘဏ် သည် မျိုးစေ့များကို သိပ္ပံနည်းကျ ထိန်းသိမ်း သိုလှောင်မှု ပြုလုပ်ပေး ခြင်းကြောင့် မျိုးစေ့ အရည်အသွေးမှာ အချိန်ကြာမြင့် လာသည်နှင့်အမျှ ပိုမိုကောင်းမွန် လာမည် ဖြစ်ကြောင်း နှင့် ပထမဆုံး အကြိမ် သွားရောက် အပ်နှံခြင်း ဖြစ်ပြီး ပြည်တွင်းရှိ အခြား ရှားပါးအပင်များ၏ မျိုးစေ့များ ကိုလည်း ထပ်မံအပ်နှံ သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ် ကို နော်ဝေနိုင်ငံတွင် ၂ဝဝ၈ ခုနှစ်မှ စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်အခြား နိုင်ငံများမှလည်း ၎င်းတို့၏ ရှားပါးအပင် မျိုးစိတ်၏ မျိုးစေ့များကို လာရောက် အပ်နှံမှုများ ပြုလုပ် နေကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117