ရန်ကုန် ၊ မတ် ၂၁ ရက် (ဆင်ဟွာ) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့ ရောက်ရှိနိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မတ် ၂၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သော...
ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်နေ၍ လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မတ် ၂၀ ရက် နေ့လည်ပိုင်းတွင် ထုတ်ပြန်သည့်...
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်-ချောင်းသာ ကားလမ်းပေါ်တွင် မတ်လ ၁၉ ရက် မွန်းလွဲပိုင်းက ယာဥ်တိုက်မှုဖြစ်ပြီး အိမ်စီးကားတစီး မီးလောင်ကာ ကလေးငယ် ၂ဦး အပါအဝင် လူ ၇ ဦးသေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ၁၃၈၃ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန် ရေသဘင်ပွဲတော်ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများအား ယခင်နှစ်များနည်းတူ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြိုင်ပွဲဝင်ရန် ယိမ်းအဖွဲ့များအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ (ရေစီးရေလာစီမံခန့်ခွဲမှု) တွင် လျှောက်လွှာတင်သွင်းနိုင်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လက်ထောက်ဌာနမှူး၊ ဦးအောင်မြင်ခန့်က ဆင်ဟွာသို့ ယနေ့ မတ်...
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဆင့် ရောက်ရှိနိုင်ကြောင်း၊ ဆက်လက်အားကောင်းလာပါက ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ပြီး လက်ရှိတွင် လေဖိအားနည်းရပ်ဝန်းမှာ မြောက်ဘက်သို့ ဦးတည်နေသောကြောင့် မြစ်ဝကျွန်းပေါ် ဒေသများ၌ မုန်တိုင်းသက်ရောက်မှုရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊...
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်) မှစတင်၍ ကိုဗစ်-၁၉ ရောဂါပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ သတ်မှတ်စည်းကမ်းချက်များ အတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းမပေါ်၌ ယနေ့(မတ် ၁၇ ရက်) နံနက် ၁၁နာရီ ၁၅ မိနစ်တွင် KIA BONGO III အမျိုးအစား ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ထိမ်းမှောက်သွားခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါ လူ ၁ ဦးသေဆုံးပြီး...
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးအကျဉ်းထောင်၌ မတ် ၁၅ ရက် ညနေပိုင်းက အကျဉ်းသားအချုပ်သား (၅၀)ခန့်သည် အကျဉ်းထောင် တာဝန်ရှိသူများအား ဓားစာခံပြုလုပ်ပြီး ထွက်ပြေးလွတ်မြောက်ရန်ကြံစည်မှုဖြစ်ပွားခဲ့ရာမှ အချုပ်သား/အကျဉ်းသား (၇) ဦးသေဆုံးကာ အခြား (၁၂)ဒဏ်ရာရသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သော...
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ သန်းနှင့် ချီသော ငွေစက္ကူအတု ထွက်ရှိသည်ဆိုသော သတင်းမှာ ကောလာဟလ သာဖြစ်ကြောင်း၊ လက်ရှိတွင် ဘဏ်များအနေဖြင့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အပ်ငွေ နှင့် ထုတ်ငွေ တွင် အပ်ငွေကပိုမိုများလာကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော် က...
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် ယူနန်-ချင်းရွှေဟော်နယ်စပ်အဝင်အထွက် စစ်ဆေးရေးဂိတ်မှ တဆင့် တရုတ်နိုင်ငံဘက်သို့ ကြံတန်ချိန် ၃၇,၀၀၀ ကျော်အားတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဆင်ဟွာသို့ ယနေ့ မတ် ၁၅ ရက်တွင် ပြောသည်။