Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ တောင်ကြီးမြို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူ ၄ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရ

တောင်ကြီး-အေးသာယာအဆင်းလမ်းတွင် ဖြစ်ပွါးခဲ့သော ယာဉ်တိုက်မှုအား တွေ့ရစဉ်(ဓာတ်ပုံ-တောင်ကြီး ဒေသခံ)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တောင်ကြီး-အေးသာယာအဆင်းလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွါးပြီး လူ ၄ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဧပြီ (၇) ရက် ည (၆)နာရီကျော်က ၂၂ ဘီးယာဉ်သည် ဘရိတ်ပေါက်၍ တောင်ကြီး-အေးသာယာ အတက်လမ်းအတိုင်း မောင်းနှင်လာသောယာဉ်(၃)စီးအား ဝင်တိုက်မှုဖြစ်ပွါးခဲ့ပြီး ယင်းယာဉ်တိုက်မှုကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

ယင်း ယာဉ်တိုက်မှုကြောင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး(၃)ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသား(၄)ဦး၊ အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာ မပြင်းထန်ရရှိခဲ့ကြောင်း၊ လူနာများနှင့်

သေဆုံးသူများကို စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ (Xinhua)