Connect with us

Myanmar

မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ဖမ်းဆီးရမိသော ဘိန်းဖြူများအားတွေ့ရစဉ်( ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းရမိခဲ့ကြောင်း CCDAC MYANMAR မှ ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၃၀ ရက် ညနေ ၃ နာရီအချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် SUPERCUSTOM HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၃၈ တုံး၊ အလေးချိန် ၄၈ ဒသမ ၃ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မွန်ပြည်နယ်၊ မော်လမြိုင်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)