Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်း

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ၂၀၂၄ ခုနှစ် ဧပြီ ၁၀ ရက် ညပိုင်းက မိုးရွာသွန်းနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် အများအပြားတွင် ဧပြီလ ၁၀ ရက် ညပိုင်းက လေပြင်းတိုက်ခြင်း၊ မိုးရွာခြင်းနှင့် လျှပ်စီးလက်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (ဧပြီ ၁၀ ရက်) ထုတ်ပြန်ချက်အရ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မနက်ဖြန်မွန်းတည့်ချိန်အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။ (Xinhua)