ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ယခုနှစ်သစ်နှင့် နောင်လာမည့် နှစ်များဟာ ပိုမိုမြင့်မားတဲ့အဆင့်တစ်ခုဆီသို့ တက်လှမ်းနိုင်မည်ဟု ပြည်သူများ ယုံကြည်လျက်ရှိကြောင်း ၊ ထိုကဲ့သို့ အောင်မြင်မှုများရရှိစေရန် နိုင်ငံသူနိုင်ငံသားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုများ အထူးလိုအပ်ကြောင်း နိုင်ငံတော် သမ္မတဦးထင်ကျော်က ယနေ့ ပြောကြားသော ၎င်း၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာတွင် ထည့်သွင်း...
ရန်ကုန်၊ ဧပြီ ၁၆ရက်(ဆင်ဟွာ) ယခုနှစ်နွေသည် အယ်နီညိုကျရောက်သည့် အပူလွန်ကဲသည့် နှစ်တစ်နှစ်ဖြစ်သလို ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းများလည်း မြင့်တက်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှသတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်မဟာသြင်္ကန် အတက်နေ့ နောက်ဆုံးနေ့တွင် ရေကစားကြသူများ ဘေးကင်းလုံခြုံမှုရှိစေရန် နှင့် နယ်မြေအတွင်း မှုခင်းများမဖြစ်ပွားစေရေးအတွက် မော်တော်ယာဉ်လှည့်ကင်း၊ စက်ဘီးလှည့်ကင်းများဖြင့် အင်အားဖြည့်ဆောင်ရွက် လျက်ရှိကြောင်းရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ရန်ကုန်၊ ဧပြီ၁၆ရက် (ဆင်ဟွာ) ဒေါ်အောင်ဆန်းစုကြည်သည် သြင်္ကန်အတက်နေ့(၂၀၁၆ ခုနှစ် ဧပြီလ ၁၆ ရက်) နံနက် ၉ နာရီခန့်တွင် ဘယ်ဘက်မျက်လုံး အတွင်းတိမ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ၁၄ရက်(ဆင်ဟွာ) သြင်္ကန်အကျနေ့(ဧပြီ ၁၃ ရက်)တွင် နိုင်ငံတစ်ဝန်း၌ အမှုပေါင်း ၄၅ မှုဖြစ်ပွားပြီး လေးဦး သေဆုံးကာ ၅၇ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ယမန်နှစ် အလား တူကာလကထက် အမှုသုံးမှု၊ သေဆုံးသူတစ်ဦး ပိုမိုဖြစ်ပွားခဲ့ပြီး ဒဏ်ရာ ရရှိသူအရေအတွက်မှာ ငါးဦးလျော့နည်းကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှသတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ၁၅ရက် (ဆင်ဟွာ) ဧပြီ ၁၃ ရက် (သြင်္ကန်အကျနေ့) မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ ခန့် တွင် နေပြည်တော်မှ လယ်ဝေးမြို့နယ် ကုန်းပေါ်စုရွာသို့ မောင်းနှင်လာသည့် သြင်္ကန်အလည်အပတ်ယာဉ် ဖောအမျိုးအစားကားတစ်စီးသည် နိဗ္ဗာန်လမ်း ပေါ်၌ အရှိန်လွန်တိမ်းမှောက်သွားရာ ယာဉ်ပေါ်လိုက်ပါ လာသည့် ကုန်းပေါ်စု...
ရန်ကုန်၊ဧပြီ၁၄ရက်(ဆင်ဟွာ) ဧပြီလ ၁၃ရက်နေ့တွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ ဧပြီလ ၁၄ ရက်နေ့ (၁၂း၁၁း၅၁) နာရီတွင် အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီမှ သတင်းရရှိသည်။
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) သြင်္ကန်အကြိုနေ့တွင် နိုင်ငံတစ်ဝန်း၌ မတော် တဆမှု ၁၁ မှု ဖြစ်ပွားပြီး တစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၄ရက် (ဆင်ဟွာ) ၂၀၁၆ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့၊ မြန်မာစံတော်ချိန် ည(၈)နာရီ၊ (၂၅)မိနစ်၊ (၁၈)စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူအသေအပျောက်၊ ထိခိုက်မှုနှင့် အဆောက်အဦများ ပြင်းပြင်းထန်ထန် ပြိုကျပျက်စီးခြင်းမရှိခဲ့ကြောင်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ဧပြီ ၁၄ ရက် (ဆင်ဟွာ) ဧပြီလ ၁၃ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်မြေငလျင်သည် ကုန်းတွင်း ငလျင်ဖြစ်သည့်အတွက် ဆူနာမီဖြစ်ရန် အလားအလာမရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။