Connect with us

Sport

AYA Bank Cup 2016 နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲ လက်မှတ်ရောင်းပြီ

AYA Bank Cup 2016 အမှတ်တံဆိပ် အား တွေ့ရစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

AYA Bank Cup 2016 နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲအား ဇွန်လ ၃ ရက်မှ ၆ ရက်ထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏ ဘောလုံးကွင်းတွင် ကျင်းပမည့် ပွဲစဉ်များ အတွက် လက်မှတ်များ စတင်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် လက်မှတ်များကို စတင် ရောင်းချလျက်ရှိပြီ ဖြစ်ရာအထူးတန်း ၃,၀၀၀ ကျပ်၊ ရိုးရိုးတန်း ၁,၀၀၀ ကျပ် သတ်မှတ် ထားသည်။ လက်မှတ်များကို ဧရာဝတီဘဏ် ဘဏ်ခွဲများ၊ အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်းများ၌ ဝယ်ယူနိုင်မည် ဖြစ်ပြီး အွန်လိုင်း ဝက်ဘ်ဆိုဒ် ဖြစ်သည့် https://docs.google.com/forms/d/1ZltSiOGS0mjynJ5ka2RBPzVFCqUAieG_tIJkvVTToyY/viewform?c=0&w=1 မှလည်း ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲ (သို့မဟုတ်) ဆူဇူကီးဖလား ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် အသင်း အောင်မြင်မှု ရရှိရန် ရည်ရွယ်၍ အကြိုပြင်ဆင်မှု အဖြစ် AYA Bank Cup 2016 နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲကြီးကို ကျင်းပခြင်း ဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲသို့ အာဆီယံ ဒေသတွင်း အဓိက ပြိုင်ဘက်များ ဖြစ်သော ဗီယက်နမ်နှင့် စင်ကာပူ နှင့် ဟောင်ကောင် အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။
အသင်း လေးသင်းသာ ပါဝင်သည့် ပြိုင်ပွဲ ဖြစ်သောကြောင့် ပြိုင်ပွဲကို ဆီမီးဖိုင်နယ် အဆင့်မှ စတင် ကျင်းပရန် စီစဉ်ထားပြီး ပထမနေ့ ဖြစ်သည့် ဇွန်လ ၃ ရက်တွင် မြန်မာနှင့် စင်ကာပူ၊ ဟောင်ကောင်နှင့် ဗီယက်နမ်တို့ကို တွေ့ဆုံစေမည် ဖြစ်ကာ ထိုပွဲများမှ အနိုင်ရသည့် အသင်းများက ဗိုလ်လုပွဲ၊ ရှုံးနိမ့်သည့် အသင်းများက တတိယ လုပွဲများ အဖြစ် ဇွန်လ ၆ ရက်တွင် အသီးသီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.