Connect with us

Social

ကျွမ်းကျင်လုပ်သားများ အရည်အချင်း တိုးတက် မြင့်မားရေး ရက် ၁၀၀ စီမံချက်တွင် ဦးစားပေး ဆောင်ရွက်မည်

မြန်မာနိုင်ငံ အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၃၁ ရက် (ဆင်ဟွာ)

ကျွမ်းကျင်လုပ်သားများ အရည်အချင်း တိုးတက် မြင့်မားရေး ကိစ္စကို ရက် ၁၀၀ စီမံချက်တွင် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

ရွှေ့ပြောင်း လုပ်သားများ ထောက်ပံ့ ကူညီရေး ဗဟိုဌာန (Migrant Workers Resource Center-MRC) (၂) ခုကို ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များတွင် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ရွှေ့ပြောင်း သွားလာခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့ ပူးပေါင်းပြီး ဇွန်လနှင့် ဇူလိုင်လများတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေ့ပြောင်း နေထိုင်သူများနှင့် အလုပ်သမားများကို အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားပြီး အခြေခံ ပညာကျောင်းများတွင် အသက် ၁၀ နှစ် ပြည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသား စိစစ်ရေး ကတ်ပြား (သို့မဟုတ်) ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် အညီ သက်ဆိုင်သည့် စိစစ်ရေး ကတ်ပြား တစ်မျိုးမျိုး စီစစ် ထုတ်ပေးရေး ကိစ္စကို နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်သွားမည်လည်း ဖြစ်ကြောင်း သိရသည်။
အမည်မည်းစာရင်း (Black List) ၌ ရေးသွင်းထားသူများကို ဥပဒေ လုပ်ထုံး လုပ်နည်းနှင့် အညီ ဖြေလျှော့ ဆောင်ရွက် ပေးမည် ဖြစ်ကာ ပြည်ဝင်ခွင့် ဗီဇာကိစ္စရပ်များကို ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ အရ အဆင်ပြေ ချောမွေ့စေရေး အတွက် ဖြေလျှော့ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသည့် ဘာသာရေး ဆိုင်ရာ အချက်အလက်များကို ရက် ၁၀၀ အတွင်း ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.