ရန်ကုန်၊ ဖေဖော်ဝါရီလ ၈ ရက် (ဆင်ဟွာ) ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ငါးနှစ်တာအတွင်း အခြေခံပညာ ကျောင်းများရှိ ဆရာ၊ ဆရာမဦးရေ ၉,ဝဝဝ ကျော်ကို ပြည်ပသို့ ပညာတော်သင် စေလွှတ် နိုင်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်၊ ဖေဖောဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ ဖြစ်ပေါ်လာသည့် ဒုတိယ အကြိမ် လွှတ်တော် သက်တမ်း အတွက် နိုင်ငံ တစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များကို ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး ပြည်နယ် နှစ်ခု ဖြစ်သည့်...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန် မြို့နှင့် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့တို့တွင် မီးဘေး အန္တရာယ် ကြုံတွေ့ခဲ့ရသည့် ပြည်သူများအတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက စုပေါင်း လှူဒါန်းငွေ အဖြစ် ကိုယ်စားလှယ် တစ်ဦးလျှင် နေ့တွက်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ပြုပြင်ပြောင်းလဲရေး အတွက် ထောက်ပံ့ သင်ကြားမှုကို ငါးနှစ်ထပ်မံ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ဥရောပ သမဂ္ဂမှ လူထု အခြေပြု အဖွဲ့အစည်းများ ဆိုင်ရာကဏ္ဍ ခေါင်းဆောင် Ms. Karin...
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတ အရည်အချင်းသတ်မှတ်သည့် ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးရပ်နားချိန်တွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်တောက်ထွန်းက ပြောကြားသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေများ အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းနှင့် ရုပ်သိမ်းခြင်းများပြုလုပ်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလေးထားဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာပေးပို့လိုက်သည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး၊ ၎င်းအစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့နယ်ကိုယ်စားလှယ် ဦးတင်မောင်ထွန်း ၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ကမာရွတ်မြို့နယ် ကိုယ်စားလှယ် ဦးလင်းနိုင်မြင့်တ့ိုကို ရွေးချယ်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ဒုတိယ သမ္မတလောင်းများ အမည်စာရင်းအဆိုပြုရမည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ၏ အစုအဖွဲ့လိုက်အစည်းအဝေးများကို မတ်လ ၁၇ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် သတ်မှတ်ကြေညာလိုက်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမဆောင်တွင် စတင်ကျင်းပလျက်ရှိသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ဝင်ငွေနည်းပြည်သူများနှင့် နိုင်ငံ ဝန်ထမ်းများ၏ အိမ်ရာလိုအပ်ချက် များကို ဖြည့်ဆည်းရန် တန်ဖိုးနည်း ကျန်စစ်မင်းအိမ်ရာကို ရန်ကုန်မြို့လှိုင်သာယာတွင် ယခု ဖေဖော်ဝါရီလမှစတင်၍ အကောင်အထည် ဖော် ဆောင်ရွက် သွားမည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။