Connect with us

Culture & Entertainment

Miss Myanmar World 2016 Final ပြိုင်ပွဲကို ဇွန် ၄ ရက်တွင်ကျင်းပမည်

မယ်မြန်မာများအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ မေ၈ရက် (ဆင်ဟွာ)

Miss Myanmar World 2016 အတွက် အလှမယ် ဆန်ခါတင် ၂ဝ ဦးအား ဆန်ခါတင်ရွေးချယ်ခဲ့ပြီး Miss Myanmar World 2016 Final ပြိုင်ပွဲကြီးကို ဇွန် ၄ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးဆန်ခါတင် ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင် ၂ဝ ဦးမှာ ထရေစီ၊ ခင်စန္ဒာကြည်၊ဂျယ်လီ၊ သဒ္ဒါမာရီယာ၊ ရွှန်းလဲ့ရဒီ၊ ဆိုင်းဂျာထွန်း၊ မိုးမြင့်သူခန့်၊ လုလုဆိုင်းမိုင်၊ ဇွန်သဇင်သင်း၊ ရွှန်းလဲ့ ယမုံ၊ လဲ့ယမင်းဦး၊ ပင်ကီမေ၊သင်ဇာကျော်၊ Mဂျာဆိုင်း၊ နီနီမင်းသူ၊ဘယ်(လ်)လာ၊ ပိုးစန္ဒာခင်၊ ထွန်းပုလဲရတနာ၊ရွှေအိမ်စည်နှင့် လရိပ်ပြာတို့ဖြစ်ကြသည်။

အဆိုပါ ပြိုင်ပွဲဝင် ၂ဝ ဦးအား ထိုင်း နိုင်ငံ ဗန်ကောက်မြို့နှင့် ချင်းမိုင်မြို့ တို့တွင် တစ်လကြာ လေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Miss Myanmar World 2016 အလှမယ် ရွေးချယ်ပွဲအတွက် အနယ်နယ် အရပ်ရပ်မှ လာရောက်လျှောက်ထားသူ ပြိုင်ပွဲဝင် ၉ဝ ဦး ထဲမှ ၅ဝ ဦးကို စိစစ် ရွေးချယ်ခဲ့ပြီး နောက်ဆုံး ဆန်ခါတင်၂ဝ ဦးကို ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ၊ အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ဖူးသည့် ပြိုင်ပွဲဝင်များလည်း ပါဝင်ပြီး မျက်နှာသစ် ပြိုင်ပွဲဝင်များလည်း ဝင်ရောက် ယှဉ် ပြိုင်ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.