Connect with us

Social

BRT Lite ယာဉ်လမ်းကြောင်း အသစ် ယခု နှစ်ကုန်ပိုင်း ပြေးဆွဲရန် စီစဉ်နေ

BRT ယာဉ်တစ်စီး ပြေးဆွဲနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် လက်ရှိ ပြေးဆွဲနေသည့် BRT Lite ယာဉ်လိုင်း၏ လမ်းကြောင်း အသစ်အား ယခု နှစ်ကုန်ပိုင်းတွင် ပြေးဆွဲရန် စီစဉ်ဆောင်ရွက်နေပြီး ယာဉ်အစီးရေများကိုလည်း ထပ်မံ တိုးချဲ့သွားမည် ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင်က ယနေ့မေ ၇ ရက်တွင် ဆင်ဟွာသို့ ပြောသည်။

BRT Lite ယာဉ်လိုင်း၏ ထပ်မံ ပြေးဆွဲမည့် လမ်းကြောင်းအသစ်များမှာ လှိုင်သာယာ-ရွှေပြည်သာ-ဒဂုံ တက္ကသိုလ် လမ်းကြောင်း နှင့် သီလဝါအထူးစီးပွားရေးဇုန်-ဗိုလ်တထောင် ဘုရားလမ်းကြောင်း တို့ဖြစ်ပြီး ယခုနှစ်ထဲတွင် ယာဉ်အစီးရေ ၁၀၀ ထိ တိုးချဲ့ပြေးဆွဲ သွားရန် ရှိကြောင်း သိရသည်။
ယခုအချိန်တွင် BRT Lite ယာဉ်လိုင်းသည် လမ်းကြောင်း (၁)ဖြစ်သည့် ထောက်ကြန့်- ပြည်လမ်း ခရီးစဉ် လမ်းကြောင်း နှင့် လမ်းကြောင်း(၂) ဖြစ်သည့် ထောက်ကြန့်- ကမ္ဘာအေးဘုရား လမ်း ခရီးစဉ် လမ်းကြောင်း တို့တွင် ယာဉ်အစီးရေ ၄၅ စီးဖြင့် ပြေးဆွဲလျက် ရှိနေပြီး ယခုလပိုင်းများအတွင်း ယာဉ်အစီးရေ ၂၀ ထပ်မံ ရောက်ရှိ လာမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီလီမိတက်သည် လက်ရှိတွင် ကနဦး မတည်ငွေ နှင့် အစုရှယ်ယာများ ရောင်းချထားမှုမှ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ၁၆ ဘီလီယံ ရှိနေပြီး ၂၅ ဘီလီယံ အထိ တိုးနိုင်ရန် အစုရှယ်ယာများကို ထပ်မံရောင်းချသွားရန် ရှိကြောင်း သိရသည်။
ထိုဘတ်စ်ကား ပြေးဆွဲအကောင်အထည် ဖော်နိုင်ရန် နိုင်ငံတော်မှ ငွေကျပ် ၁၁ ဘီလီယံ မတည်ပေးခဲ့ပြီး ပုဂ္ဂလိက လုပ်ငန်းရှင် ခြောက်ဦးက ငွေကျပ် သိန်း ၅ဝဝဝ စီနှင့် အများပြည်သူ၏အစုရှယ်ယာ ထည့်ဝင်ငွေကျပ် တစ် ဘီလီယံကျော်တို့ဖြင့် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီလီမိတက် ထူထောင်ကာ ဖေဖော်ဝါရီ ၇ ရက်က စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.