Connect with us

Politics, Law & Military

အစိုးရသစ်၏ ပထမဆုံး ပြည်ပ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် လိုကြောင်း လာအို အစိုးရ ကမ်းလှမ်း

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ မေ ၇ ရက် (ဆင်ဟွာ)

အစိုးရသစ် လက်ထက် ပထမဆုံး သွားရောက်ခဲ့သည့် လာအိုနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားလိုကြောင်း လာအိုသမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ်က ဆွေးနွေး ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အိမ်နီးချင်းနိုင်ငံဖြစ်ရုံသာမက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် လာအိုနိုင်ငံအား တတ်အားသရွေ့ ဘက်ပေါင်းစုံမှ ထောက်ခံအားပေး သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအကြား သံတမန် ဆက်သွယ်မှုသည် နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်ကြောင်း၊ ထို့အတွက် ချစ်ကြည် ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစွာ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတဦးထင်ကျော် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံမှ ပြန်လည်ထွက်ခွာသည့်ကို တွေ့ရစဉ် (ဓာတ်ပုံ- Myanmar President Office)
မြန်မာ-လာအို နှစ်နိုင်ငံ သမ္မတများသည် ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရေး တံတား တည်ဆောက်ပြီးနောက်ပိုင်း နှစ်နိုင်ငံအစိုးရချင်း၊ ပြည်သူချင်း ပိုမိုပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များ ၊နှစ်နိုင်ငံအကြား ဖွဲ့စည်းဆောင် ရွက်ပြီးဖြစ်သည့် ပူးတွဲကော်မရှင် အစည်းအဝေး၊ နယ်ခြား ကော်မတီ အစည်းအဝေး များတွင်လည်း သက်ဆိုင်ရာ နိုင်ငံများ အလိုက် ဝန်ကြီးဌာနအဆင့် ဆွေးနွေး ဆောင်ရွက်သွားရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစိုးရသစ် လက်ထက် ပထမဆုံး ပြည်ပ ခရီးစဉ် အဖြစ် လာအိုနိုင်ငံသမ္မတနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်တို့သည် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ နေ့ချင်းပြန်ခရီးအဖြစ် မေ ၆ ရက်တွင် သွားရောက်ခဲ့သည်။
ထိုချစ်ကြည်ရေး ခရီးစဉ်အတွင်း မြန်မာ – လာအို နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး လာအိုနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ် ၊ လာအို အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.