Connect with us

Science & Technology

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ရက် ၁ဝဝ စီမံကိန်း ဆက်လက် အကောင် အထည်ဖော်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ရက် ၁ဝဝ စီမံကိန်း ဆောင်ရွက်နေမှုအားမြင်တွေ့ရစဉ် (မြဝတီ)

ရန်ကုန်၊ မေ၈ရက် (ဆင်ဟွာ)

ရန်ကုန်-မ္တလေး အမြန်လမ်းမကြီး ရက် ၁ဝဝ စီမံကိန်း အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-မန္တလေးအမြန်လမ်း Project(1) သည် မိုင်တိုင် အမှတ် (၁၆၃/ဝ-၁၇၃/ဝ) အတွင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မေ ၇ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ခရီးသွားယာဉ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ ညအချိန်တွင် စီမံကိန်းဧရိယာအနီးမှ ယာဉ်များ ဖြတ်သန်း သွားလာ ရာတွင် မြင်နိုင် စွမ်းရှိသည့် ရောင်ပြန်စတစ်ကာ များ၊ ညကြည့်အမှတ်အသားများ ထပ်မံ ထားရှိသွားရန်နှင့် ရက် ၁ဝဝ အတွင်း လမ်းအရည်အသွေး စံချိန်စံ ညွှန်း ပြည့်မီ စွာဖြင့် စီမံကိန်းအောင်မြင်စွာ ပြီးမြောက် အောင်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ရက် ၁ဝဝ စီမံကိန်း အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေ သော Project(2) မိုင်တိုင်အမှတ် (၁၅/ဝ-၂၅/ဝ)အတွင်း GPS စနစ်သုံး ၍လမ်းပုံ ထုတ်တိုင်း တာခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)