Connect with us

Politics, Law & Military

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအား ဖွဲ့စည်း

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအား ဖွဲ့စည်းခြင်း ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- Myanmar president office )

ရန်ကုန်၊ မေ၈ရက် (ဆင်ဟွာ)

မြေသိမ်းမှုပြဿနာများကို လျင်မြန်စွာ ဖြေရှင်း ဆောင်ရွက်နိုင်ရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအား ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတ မှ အမိန့်ထုတ်ပြန်သည်။

၎င်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ (၂) ၊ပြည်ထဲရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး နှင့် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီးတို့ က ဒုတိယဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး၊ အဖွဲ့ဝင်များ ဖြင့် အဆိုပါ ကော်မတီအား ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အဆိုပါကော်မတီသည် နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်စု လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ အစီရင်ခံစာများပါ အကြံပြုတိုက်တွန်း ချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်/ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီအဆင့်ဆင့်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီဖြေရှင်း ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာပါ မြေသိမ်းမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီး ဌာန၊ နေပြည်တော် ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ဖြေရှင်း ဆောင်ရွက်မှုများကို ကြီးကြပ်ဆောင်ရွက်ရန် ၊သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းများက ပြန်လည် စွန့်လွှတ်သည့် လယ်ယာမြေများကို မူလလုပ်ကိုင်ခဲ့သော သက်ဆိုင်သူများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ပေးအပ်နိုင်ရေးဆောင်ရွက်ရန်၊ မြေယာအငြင်းပွားမှုများနှင့်ပတ်သက်၍ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ရာတွင် မြေကို စီမံခန့်ခွဲလျက်ရှိသော ဝန်ကြီးဌာနများ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစည်ပင် သာယာရေးကော်မတီများက ကျင့်သုံး လျက်ရှိသည့် မြေစီမံခန့်ခွဲမှုဆိုင်ရာ တည်ဆဲ ဥပဒေများနှင့်အညီ ဖြေရှင်း ဆောင်ရွက်ခြင်းရှိ/ မရှိစိစစ်ခြင်းများကိုဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)