Politics, Law & Military
နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးခန့်အပ်
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး အဖြစ် ဦးကျော်တင် အား ခန့်အပ် တာဝန် ပေးအပ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြေညာချက်အား ဧပြီလ ၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) ၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဌာန်းချက်တို့ အရ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအား ခန့်အပ် တာဝန် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ဦးကျော်တင်သည် အစိုးရသစ် လက်ထက်တွင် ပထမဆုံး ခန့်အပ်သည့် ဒုတိယ ဝန်ကြီး ဖြစ်သည်။ (Xinhua)