Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား ယနေ့ ပြည်သူ့လွှတ်တော်တွင် အတည်ပြု

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် မရှိ အတည်ပြု၍ ပေးပို့လာသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား ယနေ့ ပြည်သူ့ လွှတ်တော်တွင် ကိုယ်စားလှယ် ၄ ဦးမှ ပြင်ဆင်ချက် ၁၃ ချက် တင်သွင်း၍ တစ်ပိုဒ်ချင်းစီ မဲခွဲ ဆုံးဖြတ်ပြီးသည့် နောက် ၎င်းဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်တွင် အတည်ပြု လိုက်သည်။

နိုင်ငံတော် အတိုင်ပင်ခံ ဆိုင်ရာ ပုဂ္ဂိုလ် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က တစ်ပိုဒ်ချင်းစီ အလိုက် မဲခွဲ ဆုံးဖြတ်ပြီးနောက် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

၎င်းဥပဒေကြမ်းအား လွှတ်တော် နှစ်ရပ်ဖြစ်သည့် အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော် တို့တွင် ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ဖြစ်သည်။ ယင်းဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူခြင်းဖြစ်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးဖြစ်ကြောင်းမှတ်ယူရမည်ဟု အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ အခန်း (၁၈) တွင် ပါရှိသည်။ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီးပါက ၎င်းဥပဒေအတည်ဖြစ်ပြီး နည်းဥပဒေ ဆက်လက်ထွက်ရှိရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.