Connect with us

Politics, Law & Military

၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ၂ လ ကျော်ကြာ နားမည်

ပြည်သူ့လွှတ်တော် အစည်းအဝေး (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ရွေးကောက်ပွဲ ကိစ္စများ ဆောင်ရွက်ရန် အတွက် ၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ယနေ့ မှ စ၍ ၂ လ ကျော်ကြာ နားမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ဒေါ်ခင်စောဝေက “ လွှတ်တော်က ရွေးကောက်ပွဲ ပြီးရင်တော့ ပြန်ခေါ်မယ်လို့ ထင်ပါတယ်။ ဥက္ကဌကြီးက လွှတ်တော် ၂ လ ကျော်လောက် နားမယ်လို့ပဲ ပြောပါတယ်။ ဘယ်တော့ ပြန်စမယ်လို့ တော့ မပြောပါဘူး” ဟုပြောသည်။

ပထမအကြိမ် ၁၂ ကြိမ်မြောက် ပြည်သူ့ လွှတ်တော် အစည်းအဝေးသည် ဇန်နဝါရီလ ၁၉ ရက်နေ့မှ သြဂုတ်လ ၂၇ ရက်နေ့ အထိ ၇ လ နှင့် ၉ ရက် ကြာမြင့် ခဲ့ကြောင်း သိရသည်။ အစည်းအဝေး ပေါင်း ၈၉ ကြိမ်ပြုလုပ်ခဲ့ပြီး၊ ကြယ်ပွင့်ပြ မေးခွန်း ၄၁၂ ခု အနက် ၃၆၆ ခု မေးမြန်းနိုင်ခဲ့ပြီး၊ ကြယ်ပွင့်မပြ မေးခွန်း ၁,၃၈၁ ခုအနက် ၁,၃၀၀ ခုကို ဖြေကြား နိုင်ခဲ့ကြောင်း၊ အဆို ၂၅ ခုနှင့် အရေးကြီးအဆို ၁ ခု ကိုဆောင်ရွက် နိုင်ခဲ့သည်ဟု သိရသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက “ ကျွန်တော်တို့က ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်တာနဲ့အညီ ပြည်သူ့ အကျိုးစီးပွားကို အစဉ်အမြဲ ဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်။လာမည့် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ လွှတ်တော်သက်တမ်းပြီးဆုံးသည် အထိ ပြည်သူများ နေ့စဉ် ကြုံတွေ့ရသော၊ အခက်အခဲများ နဲ့ လိုအပ်ချက်များ အပါအဝင် ဥပဒေပြု လုပ်ငန်းများကို မေးခွန်းများ၊ အဆိုများ၊ ညှိနှိုင်း ဆွေးနွေးမှုများဖြင့် ဆောင်ရွက်လျက် ရှိပါတယ်’’ ဟု ပြောကြားခဲ့သည်။

ပြည်သူမှ ရွေးချယ်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်စေရေးအတွက် ဆောင်ရွက်သွားဖို့ အရေးကြီးကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအား သြဂုတ်လ ၂၈ ရက်နေ့တွင် ရပ်နားမည် ဖြစ်သည်။ (Xinhua)